မင်မင် အရင်လက Korean Noodle ကိုတော်တော်လေးစားချင်နေခဲ့တယ် ဒါပေမယ့် ဆိုင်တွေကိုသွားစားမယ်လုပ်လိုက် Bad review တွေ့လိုက်နဲ့မို့ သွားမစားဖြစ်ဘူးပေါ့နော်။ အဲ့တာနဲ့ဘဲ အသစ်ဖွင့်ထားတာ မကြာသေးတဲ့ Oppa Noodle ဆိုင်လေးကိုဘဲ try ကြည့်ဖြစ်ခဲ့တယ်။ ဆိုင်လေးကဖွင့်ထားတာတော့ ၁လ လောက်ဘဲရှိသေးတယ်။ Decoration ပိုင်းလေးတွေက နည်းနည်းလေးလိုအပ်သေးတယ်။ Menu ပိုင်းမှာတော့ တော်တော်လေးစုံတယ်။ Teppanyaki Steak ၊ Sushi ၊ Milk Shape ၊ Soft Drinkေတွရှိမယ်။ဆိုင်ကဝန်ထမ်းတွေကလည်း service ကောင်းတယ်။ မင်မင်တို့သွားတုန်းကမှာစားဖြစ်တာတွေကတော့...
Octopus Noodle(lvl.3)- 7000mmk
အစပ်အရသာသိချင်လို့ ဟင်းရည်ကို အရင်ဆုံးသောက်မိတယ်။ တော်တော်လေးသောက်လို့ကောင်းတယ်။ Lvl3 လောက်နဲ့တင် ပုံမှန်အစပ်စားတဲ့သူဆိုအဆင်ပြေနိုင်တယ်။ အရမ်းအစပ်ကြီးစားချင်ရင်တော့ Lvl မြင့်တာလေးမှာပေါ့နော်။ Level က အခြားသော Korean ဆိုင်တွေလိုဘဲ Lvl.7 ထိရှိတယ်။ ဟင်းရည်ကသောက်ရင်းသောက်ရင်းနဲ့ ခေါက်ဆွဲရဲ့ အချိုအရသာလေးကိုပါ ခံစားမိတယ်။ ကြက်အူချောင်း၊ ကြက်ကြောလုံး၊ ပန်းဂေါ်ဖီ ၊ ရေဘဝဲ ၊ အပ်မှို ၊ Purple Cabbage ပါမယ်။ ရေဘဝဲတွေက လတ်ဆတ်တယ် အသားထဲထိအရသာဝင်တယ်။ Portion လည်းတော်တော်လေးများတယ် ဗိုက်ပြည့်လောက်တယ်။
Spare Rib Noodle(lvl.0)- 7000mmk
Lvl.0 ကတော့ အချိုစားတဲ့သူတွေအတွက်ဘဲအဆင်ပြေလောက်တယ်။ အစပ်စားတဲ့သူတွေအတွက်ဆို ပါးစပ်ထဲ တစ်ခုခုလိုနေသလိုခံစားမိလိမ့်မယ်။ ဝက်နံရိုးက တော်တော်လေးနူးတယ်။ စားရတာအိတယ်။ တစ်ခြားသော ပါဝင်ပစ္စည်းတွေကတော့ အတူတူပါဘဲ။
မင်မင့်အမြင်ကတော့ Decoration အရလိုအပ်ချက်လေးတွေရှိမယ်။ Menu ပိုင်းမှာလည်း Korean Food၊ Japanese Food တွေ များများရရှိလာဖို့မျှော်လင့်တယ်။ ဈေးနှုန်းပိုင်းအရတော့ နည်းနည်းလေးများတယ်လို့ထင်တယ်။ Discount Programတွေလည်း အများကြီးရှိလာဖို့မျှော်လင့်တယ်။









Discussion