Oppo နဲ့ ဆွီဒင် camera ကုမ္ပဏီကြီး Hasselblad ပူးပေါင်းထုတ်လုပ်ထားတဲ့ Professional Teleconverter Kit က smartphone photography အတွက် အဆင့်မြင့် accessory အသစ်ပါ။ Oppo Find X9 Pro နဲ့ တွဲသုံးလို့ရပြီး၂၀၂၅ စက်တင်ဘာလမှာ Weibo livestream ကတစ်ဆင့် မိတ်ဆက်ပြခဲ့ပါတယ်။

3.28x Teleconverter Lens က Find X9 Pro ရဲ့ 70mm lens ကို 230mm optical telephoto အဖြစ် ပြောင်းပေးနိုင်ပါတယ်။ Mounting adapter နှစ်ခုနဲ့ magnetic case ပါဝင်လို့ camera တွေမှာ lens လဲသလို အမြန် တပ်လို့ရပါတယ်။ Vivo ရဲ့ Zeiss 2.35x (200mm) ထက် magnification ပိုင်းမှာပိုကောင်းပါတယ်။

Find X9 Pro မှာ 50MP Sony main sensor၊ 50MP Samsung ultrawide၊ 200MP Samsung periscope telephoto (f/2.1) တို့ ပါဝင်ပါတယ်။ 8K Ultra Clear Photos နဲ့ 4K 120fps Dolby Vision HDR recording၊ 10-bit Log recording (ACES certified)၊ Hasselblad Master Tones တို့ support လုပ်ပါတယ်။

Magnetic mounting system က snap-on design တွေထက် မြန်ဆန်ပြီး bulky case မလိုပါဘူး။ 50MP/200MP direct output ရနိုင်ပြီး Hasselblad color science နဲ့ telephoto macro capability ပါဝင်ပါတယ်။ 7,500mAh battery က တစ်နေ့လုံး shooting လုပ်နိုင်ပြီး 8.25mm thickness ကပါးတဲ့ထဲမှာ ပါပါတယ်။

Find X9 series က အောက်တိုဘာ ၁၆ ရက်မှာ တရုတ်မှာ launch လုပ်မှာဖြစ်ပြီး Android 16 based ColorOS 16 နဲ့ MediaTek Dimensity 9500 chipset ပါဝင်ပါတယ်။ Global launch အတွက်လည်း အတည်ပြုထားပြီးပါပြီ။

ဒီ teleconverter kit က professional telephoto capability နဲ့ portability နှစ်ခုလုံး လိုအပ်တဲ့ mobile photographer တွေအတွက် အရမ်းကို အသုံးဝင်မယ့် tool တစ်ခု ဖြစ်ပါတယ်။