Vivo က Android 16 အခြေခံထားတဲ့ OriginOS 6 ကို "Comfort Engineering" approach အသစ်နဲ့ မိတ်ဆက်လိုက်ပါပြီ။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ တရုတ်နိုင်ငံမှာ စတင်ပြီး အောက်တိုဘာ ၁၅ ရက်မှာ အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝန်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

Apple ရဲ့ iOS 26 Liquid Glass design ကနေ တိုက်ရိုက် မွေးစားထားတဲ့ OriginOS 6 မှာ dynamic transparent material တွေ ပါဝင်ပါတယ်။ Real-time rendering technology က သဘာဝ အလင်းပြန်မှုနဲ့ အရိပ်တွေကို simulate လုပ်ပေးပြီး three-layer shading technology က anti-water ripple algorithm တွေနဲ့ blur effect တွေကို မြှင့်တင်ပေးပါတယ်။ Dynamic background color algorithm က background texture ကို ထိန်းသိမ်းရင်း text contrast ကို လည်း clolor နဲ့အလိုက် ချိန်ညှိပေးနိုင်ပါတယ်။

Lock screen အသစ်မှာ lighting condition အပေါ် မူတည်ပြီး automatic contrast adjustment လုပ်တဲ့ intelligent clock component ပါဝင်ပါတယ်။ Transparent color palette integration ကတစ်ဆင့် natural drop shadow effect တွေ ရရှိပြီး adaptive clock design က background wallpaper တွေနဲ့ ချောမွေ့စွာ ရောနှောပေးနိုင်ပါတယ်။

AI Powered features တွေအနေနဲ့ OriginOS 6 ရဲ့ revolutionary AI eraser technology က Live Photo တွေအတွက် frame-by-frame elimination လုပ်နိုင်ပါတယ်။ Intelligent object recognition နဲ့ real-time processing က dynamic image တွေကနေ မလိုအပ်တဲ့ element တွေကို ဖယ်ရှားပေးပြီး editing လုပ်နေစဉ် image quality ကို ထိန်းသိမ်းပေးပါတယ်။

AI capability တွေက predictive text optimization၊ privacy-focused on-device processing နဲ့ real-time translation၊ advanced lighting effect တွေနဲ့ smart photo enhancement၊ AI-driven usage pattern learning မှတစ်ဆင့် battery optimization တွေ လုပ်ပေးနိုင်ပါတယ်။

FuntouchOS ရဲ့ limitation တွေကို ဖြေရှင်းထားတဲ့ control center အသစ်က iOS-inspired design နဲ့ ဖြစ်လာပါတယ်။ Resizable toggle တွေနဲ့ AI-suggested shortcut တွေ၊ smart home device integration နဲ့ frosted glass design တွေ ပါဝင်ပါတယ်။

Dynamic Island-inspired functionality မှာ call၊ navigation၊ media playback အတွက် contextual notification တွေ၊ current task အပေါ် မူတည်ပြီး expand ဖြစ်တဲ့ real-time activity indicator တွေ၊ essential function တွေအတွက် interactive widget တွေ ပါဝင်ပါတယ်။

Vivo က Android foundation ကို အစကနေ ပြန်တည်ဆောက်ထားပါတယ်။ 120Hz display အတွက် optimized processing၊ haptic feedback integration နဲ့ fluid animation၊ eco-mode တွေနဲ့ adaptive refresh rate၊ smart usage pattern learning algorithm တွေ ပါဝင်ပါတယ်။

Vivo နဲ့ iQOO device တွေကြား faster file sharing၊ Vivo wearable၊ tablet၊ PC တွေနဲ့ seamless connectivity၊ Vivo ecosystem product အားလုံးမှာ universal design language၊ device အများကြား synchronized user preference တွေ ရှိပါတယ်။

Shake-to-Group Sharing feature က device shake gesture ရိုးရိုးနဲ့ group ဖန်တီးနိုင်ပြီး enhanced touch-to-share က one-to-one content transfer လုပ်ပေးပါတယ်။ Multi-device collaboration က seamless file exchange နဲ့ team workspace integration က productivity workflow တွေကို မြှင့်တင်ပေးပါတယ်။

OriginOS 6 နဲ့ ပထမဆုံး launch မယ့် device တွေက Vivo X300၊ X300 Pro နဲ့ iQOO 15 တို့ ဖြစ်ပါတယ်။ Beta testing က စက်တင်ဘာ ၂၉ ရက်မှာ စတင်မှာဖြစ်ပြီး Vivo X Fold5၊ X200 series၊ V60၊ V50၊ V40၊ V30 series နဲ့ iQOO 13၊ Neo10 series တို့ ပါဝင်မှာပါ။