ဖီနာဘာချီအသင်းက ရိန်းဂျားစ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် Round of 16 ပထမအကျော့ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ မေးခွန်းရှည်မေးခံရပြီးနောက် အိပ်ပျော်ချင်ဟန်ဆောင်ခဲ့ပါတယ်။
ဖီနာဘာချီအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၂၃)ကြိမ်အထိ ရှိခဲ့ပေမယ့် (၁)ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ဒုတိယအကျော့ ရိန်းဂျားစ်အသင်းအိမ်ကွင်းမှာ ကစားမယ့်ပွဲစဉ်မှာ ရုန်းကန်ရတော့မှာပါ။
ပွဲရလဒ်ကြောင့် စိတ်ပျက်နေတဲ့ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ သတင်းထောက်တစ်ဦးရဲ့(၄၅)စက္ကန့်ကြာမေးခွန်းမေးမြန်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သတင်းထောက်က မေးမြန်းမှုပြုလုပ်နေချိန် မော်ရင်ဟိုဟာ ထိုင်ခုံပေါ်မှာ အိပ်ပျော်ချင်ဟန်ဆောင်နေခဲ့တာပါ။ သတင်းထောက်ရဲ့မေးခွန်းကို ဘာသာပြန်က အင်္ဂလိပ်လို ပြန်ပြောနေချိန်မှာ မော်ရင်ဟိုဟာ ကြားဖြတ်ပြီး ဝင်ရောက်ပြောခဲ့ပါတယ်။
မော်ရင်ဟိုက "ဒါက ငါ့ကို ခေါင်းအလွန်ကိုက်စေပြီး ပင်ပန်းတယ်"လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက ရိန်းဂျားစ်အသင်းဟာ ဒီထက်တောင် ဂိုးပိုသွင်းယူနိုင်သင့်တာကြောင့် ဒီရလဒ်ဟာ သူတို့အတွက် ကောင်းမွန်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက ရိန်းဂျားစ်အသင်းကို အလွန်အကျွံအောင်ပွဲခံခြင်းမပြုလုပ်ဖို့ သတိပေးခဲ့ပါတယ်။
ရိန်းဂျားစ်နဲ့ ဖီနာဘာချီအသင်းတို့ရဲ့ယူရိုပါလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်ကို မတ်(၁၃)ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Discussion