ပွဲပေါင်း(၃၅၀)ကျော်ကစားခဲ့တဲ့ ကလပ်ဂန္ထဝင်အပါအဝင် စီနီယာကစားသမား(၄)ဦးထွက်ခွာမယ်လို့ ဝက်စ်ဟမ်းအသင်းကြေညာ

ပွဲပေါင်း(၃၅၀)ကျော်ကစားခဲ့တဲ့ ကလပ်ဂန္ထဝင်အပါအဝင် စီနီယာကစားသမား(၄)ဦးထွက်ခွာမယ်လို့ ဝက်စ်ဟမ်းအသင်းကြေညာ

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီကုန်မှာ စာချုပ်ကုန်ဆုံးပြီး အသင်းကထွက်ခွာမယ့် စီနီယာကစားသမား(၄)ဦးကို ကြေညာခဲ့ပြီး ဒီအထဲမှာ ပွဲပေါင်း(၃၅၀)ကျော်ပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းဂန္ထဝင်ကစားသမားတစ်ဦးလည်း ပါဝင်နေပါတယ်။ ဒီကစားသမားတွေကတော့ နောက်ခံလူခရက်စ်ဝဲလ်၊ ဂိုးသမားဖာဘီယန်စကီး၊ နောက်ခံလူကူဖဲလ်နဲ့ တိုက်စစ်မှူးဒန်နီအင့်စ်တို့ဖြစ်ပြီး သူတို့တွေဟာ ဝက်စ်ဟမ်းအသင်းအတွက် စုစုပေါင်းပြိုင်ပွဲစုံပွဲပေါင်း(၈၀၀)ကျော်ပါဝင်ကစားထားတာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီမှာ ရလဒ်တွေအလွန်ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၉)ပွဲသာအနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့်(၁၇)နေရာမှာရပ်တည်နေပါတယ်။ ဝက်စ်ဟမ်းအသင်းက ထွက်ခွာမယ့် ဘယ်နောက်ခံလူ ခရက်စ်ဝဲလ်ဟာ အသင်းမှာ ၂၀၁၄ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း(၃၆၅)ပွဲပါဝင်ကစားထားတာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၃)ပွဲပါဝင်ကစားခွင့်ရထားတဲ့ ခရက်စ်ဝဲလ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဝက်စ်ဟမ်းအသင်းအသင်းအတွက် ပွဲကစားခွင့်အကန့်အသတ်နဲ့သာ ရရှိခဲ့တာဖြစ်ပါတယ်။ ချက်အသင်းညာနောက်ခံလူ ကူဖဲလ်ဟာ ဝက်စ်ဟမ်းအသင်းမှာအရေးပါတဲ့ကစားသမားဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ကွန်းဖရန့်လိဂ်ဖလားရရှိခဲ့ရာမှာ ပါဝင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ကူဖဲလ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲပေါင်း(၁၇၇)ပွဲပါဝင်ကစားထားတာပါ။

အာဆင်နယ်အသင်းဂိုးသမားဟောင်း ဖာဘီယန်စကီးဟာ ဝက်စ်ဟမ်းအသင်းကို ၂၀၁၈ ခုနှစ်ကရောက်ရှိခဲ့ပြီး ပထမ(၅)ရာသီမှာ နံပတ်တစ်ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဖာဘီယန်စကီးဟာ ဒီရာသီမှာတော့ ပြင်သစ်ဂိုးသမား အေရီယိုလာရဲ့နောက် ဒုတိယဂိုးသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။ ဖာဘီယန်စကီးဟာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲပေါင်း(၂၁၅)ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိ ဒန်နီအင့်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီက ရောက်ရှိလာခဲ့ပြီး ပွဲကစားချိန်အကန့်အသတ်နဲ့သာ ရရှိခဲ့တာပါ။ ဒန်နီအင့်စ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် (၆၉)ပွဲပါဝင်ကစားထားပြီး (၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ