ပါကစ္စတန်ကိုအိမ်ကွင်းမှာ အနိုင်ယူပြီးအာရှဖလားဝင်ခွင့်အတွက် မျှော်လင့်ချက်အားကောင်းလာတဲ့ မြန်မာ

ပါကစ္စတန်ကိုအိမ်ကွင်းမှာ အနိုင်ယူပြီးအာရှဖလားဝင်ခွင့်အတွက် မျှော်လင့်ချက်အားကောင်းလာတဲ့ မြန်မာ

၂၀၂၇ အာရှဖလားခြေစစ်ပွဲအုပ်စု(E)

မြန်မာ (၁-၀) ပါကစ္စတန်

၁၉၆၈ အာရှဖလားပြိုင်ပွဲမှာ တစ်ကြိမ်သာယှဉ်ပြိုင်ဖူးခဲ့ပြီး ဒုတိယနေရာရရှိခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းအတွက် နောက်နှစ်ပေါင်း(၆၀)နီးပါးအကြာမှာ အာရှဖလားပြိုင်ပွဲကို ဒုတိယအကြိမ်ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပြီလို့ဆိုရမှာပါ။

၂၀၂၇ အာရှဖလားခြေစစ်ပွဲအုပ်စု(E)မှာ မြန်မာအသင်းက ပထမပွဲမှာ အာဖဂန်နစ္စတန်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့သလို ဒီနေ့ကစားခဲ့တဲ့ ဒုတိယပွဲမှာလည်း ပါကစ္စတန်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့တဲ့ဒီပွဲမှာ မြန်မာအသင်းက ဂိုးသွင်းခွင့်များစွာနဲ့ ပရိသတ်အကြိုက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့တာပါ။

မြန်မာအသင်းထက် ဖီဖာကမ္ဘာ့အဆင့်(၃၆)ဆင့်နိမ့်တဲ့ ပါကစ္စတန်အသင်း(ကမ္ဘာ့အဆင့် ၁၉၈)အနေနဲ့ မြန်မာအသင်းထက် လူကောင်ကြီးတာကလွဲလို့ ခြေစွမ်းပိုင်းမှာ ဘယ်လိုမှမယှဉ်နိုင်ဘဲ တစ်ဂိုးတည်းနဲ့ရှုံးခဲ့ရတာတောင် ကံကောင်းတယ်လို့ဆိုရမှာပါ။

မြန်မာအသင်းအတွက်သန်းပိုင်သွင်းတဲ့တစ်ဂိုးသာရခဲ့တယ်ဆိုပေမယ့် ဂိုးကန်သွင်းခွင့်အခွင့်အရေးများစွာရခဲ့ပြီး မောင်မောင်လွင်၊ လွင်မိုးအောင်၊ ကျော်မင်းဦး၊ ဝင်းနိုင်ထွန်းတို့ရဲ့ကန်သွင်းချက်များစွာက ပါကစ္စတန်ဂိုးသမားဖြစ်သူယူဆွတ်ဖ် ကာကွယ်ခဲ့လို့ ဂိုးမဖြစ်ခဲ့ရတာပါ။

ပထမပိုင်း(၄၁)မိနစ်မှာ မောင်မောင်လွင်ကန်တင်ပေးခဲ့တဲ့ဖရီးကစ်ကို နောက်ခံလူစိုးမိုးကျော်ပိတ်သွင်းရာမှာ ပါကစ္စတန်ဂိုးသမားကာကွယ်ရာကနေ ပြန်အကျ ဂိုးစည်းပေါ်ကနေ သန်းပိုင်က ဂိုးထဲကန်သွင်းပြီး မြန်မာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးရယူနိုင်ခဲ့တာပါ။

ဒီပွဲမှာ ASEAN Allstar နဲ့ မန်ယူနိုက်တက်ပွဲမှာ အနိုင်ဂိုးသွင်းပြီး ပရိသတ်တွေရဲ့မေတ္တာကို တစ်ကျော့ပြန်ရခဲ့တဲ့ မောင်မောင်လွင်က အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ကာ ပြန်ကစားခွင့်ရခဲ့ပြီး တိုက်စစ်မှာ ကောင်းကောင်းခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မောင်မောင်လွင်ရဲ့အဝေးကန်သွင်းချက်တွေက ပါကစ္စတန်ဂိုးသမားပုတ်ထုတ်နိုင်လို့ ဂိုးမရခဲ့ပေမယ့် ကောင်းမွန်လှပပြီးအဆင့်မြင့်တဲ့ကန်ချက်တွေဖြစ်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အိမ်ကွင်းပွဲစဉ် (၂)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ(၂)ပွဲနဲ့ (၆)မှတ်ရနေပြီး လာမယ့်အောက်တိုဘာလမှာ ဆီးရီးယားအသင်းနဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပါတယ်။

Photo:MFF

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ