ပြင်သစ်အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ပထမဆုံး Invincible ချန်ပီယံဖြစ်မလားစောင့်ကြည့်ရမယ့် PSG

ပြင်သစ်အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ပထမဆုံး Invincible ချန်ပီယံဖြစ်မလားစောင့်ကြည့်ရမယ့် PSG

တစ်ရာသီအတွင်း ကစားခဲ့တဲ့အမှတ်ပေးပွဲအားလုံးကို ရှုံးပွဲမရှိကစားပြီး ချန်ပီယံအဖြစ်အောင်ပွဲခံခဲ့တဲ့ဥရောပအသင်းတွေအတော်များများရှိပါတယ်။

Invincible (ရှုံးပွဲမရှိ)ချန်ပီယံလို့ ခေါ်ဝေါ်ကြတဲ့ ဒီချန်ပီယံအသင်းတွေထဲမှာ ၁၉၃၁-၃၂ ရာသီက ရီးရဲလ်မက်ဒရစ်အသင်း၊ ၁၉၉၁-၉၂ ရာသီက အေစီမီလန်အသင်း၊ ၂၀၀၃-၀၄ ရာသီက အာဆင်နယ်အသင်း၊ ၂၀၁၁-၁၂ ရာသီက ဂျူဗင်တပ်စ်အသင်းတို့က ထင်ရှားကြပြီး ဥရောပမှာ နောက်ဆုံးရှုံးပွဲမရှိ ဗိုလ်စွဲတဲ့အသင်းအဖြစ် ထင်ထင်ရှားရှားရှိခဲ့တာက ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ခဲ့တဲ့ လေဗာကူဆင်အသင်းဖြစ်ပါတယ်။

ဥရောပထိပ်တန်းလိဂ်(၅)ခုထဲမှာ စပိန်၊ အင်္ဂလန်၊ အီတလီ၊ ဂျာမနီအမှတ်ပေးလိဂ်တွေက
Invincible ချန်ပီယံအသင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် အခုအချိန်အထိ Invincible ချန်ပီယံမပေါ်ထွက်သေးတာက ပြင်သစ်လိဂ်ပြိုင်ပွဲဖြစ်ပါတယ်။

ပြင်သစ်အမျိုးသမီးလိဂ်ပြိုင်ပွဲမှာသာ Invincible ချန်ပီယံအဖြစ် လိုင်ယွန်အမျိုးသမီးအသင်း၊ PSG အမျိုးသမီးအသင်းတို့ ပေါ်ထွက်ခဲ့ဖူးပေမယ့် ပြင်သစ်အမျိုးသားလိဂ်ပြိုင်ပွဲမှာ Invincible ချန်ပီယံအသင်းမရှိသေးတာပါ။

ဒီရာသီပြင်သစ်လိဂ်မှာတော့ ပြင်သစ်ကလပ် PSG အသင်းက ချန်ပီယံဆုကို ပြန်ဆွတ်ခူးဖို့သေချာပြီးဖြစ်ပေမယ့် သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကို လက်မလျှော့သေးဘဲ ဒီတစ်ပတ် ပြင်သစ်လိဂ်ပွဲမှာ လီဟာဗရာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒီရာသီ ပြင်သစ်လိဂ်ပွဲ(၃၀)မှာ PSG အသင်းဟာ (၂၅)ပွဲနိုင်၊ (၅)ပွဲသရေ၊ ရှုံးပွဲမရှိကစားထားပြီး ရာသီကုန်ဆုံးချိန်မှာ Invincible ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မလားဆိုတာ လက်ကျန်ပွဲ(၄)ပွဲကို ဆက်ကြည့်ရမှာဖြစ်ပါတယ်။

တကယ်လို့ လက်ကျန်(၄)ပွဲမှာ အရှုံးမရှိကစားနိုင်ခဲ့ရင်တော့ ပြင်သစ်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ PSG အသင်းက ပထမဆုံးInvincible ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

Read more

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်က ရလဒ်တွေဆိုးနေတဲ့အသင်းကို လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ပြ

လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ လုပ်ပွဲအရှုပ်တော်ပုံမှာပါဝင်ခဲ့မှုကြောင့် ပွဲပယ်ခံခဲ့ရဖူးတဲ့ ကွင်းလယ်ဒိုင်လူကြီး ဖိလစ်ဇွာယာကို မန်ယူနိုက်တက်-စပါး ယူရိုပါလိ

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

မူလက စီစဉ်ထားသည်ထက်စောပြီး ၂၀၄၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက် တွင်ပိတ်သိမ်းရန် စီစဉ်ထားသည့် Bill & Melinda Gates Foundation သို့ လက်ရှိ ပိုင်ဆိုင်မှု ၏ ၉၉% ဖြစ်သော ဒေါ်လာ ၁၁၀ ဘီလီယံကျော်ကိ

မိမိတို့ နာပိုလီအသင်းအတွက် ထိတ်လန့်တုန်လှုပ်နေရမယ့်အချိန်မဟုတ်ဘူးလို့   တွမ်မီနေးဆို

မိမိတို့ နာပိုလီအသင်းအတွက် ထိတ်လန့်တုန်လှုပ်နေရမယ့်အချိန်မဟုတ်ဘူးလို့ တွမ်မီနေးဆို

နာပိုလီအသင်းဟာ ဂျီနိုအာအသင်းနဲ့ (၂-၂)ဂိုးစီသရေကျပြီး စီးရီးအေချန်ပီယံဆုအတွက် ပြိုင်ပွဲမှာ အမှတ်လျော့ခဲ့ပေမယ့် ကွင်းလယ်လူတွမ်မီ‌နေးက နာပိုလီအသင်းအတွ