ပြင်သစ်လိဂ်မှာအဝေးကွင်း(၃၉)ပွဲဆက်တိုက်မရှုံးအောင် ကစားပြီး အေစီမီလန်ရဲ့(၃၂)နှစ်ကြာစံချိန်ကို ရိုက်ချိုးခဲ့တဲ့ PSG

ပြင်သစ်လိဂ်မှာအဝေးကွင်း(၃၉)ပွဲဆက်တိုက်မရှုံးအောင် ကစားပြီး အေစီမီလန်ရဲ့(၃၂)နှစ်ကြာစံချိန်ကို ရိုက်ချိုးခဲ့တဲ့ PSG

မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လိဂ်ပွဲမှာ ချန်ပီယံPSG အသင်းဟာ နန့်စ်အသင်းကို အဝေးကွင်းမှာ (၁-၁)ဂိုးနဲ့သရေကစားခဲ့ပြီးနောက် ဒီပြိုင်ပွဲမှာ အဝေးကွင်းရှုံးပွဲမရှိတာ (၃၉)ပွဲအထိ ရှိလာခဲ့ပါတယ်။

PSG အသင်းဟာ ဒီရာသီ ပြင်သစ်လိဂ်ပြိုင်ပွဲတစ်ခုလုံးမှာ ပွဲစဉ်(၃၀)အထိ ရှုံးပွဲလုံး၀မတွေ့အောင် ကစားထားသလို ဒီပြိုင်ပွဲမှာ အဝေးကွင်းရှုံးပွဲမတွေ့ခဲ့တာလည်း (၂)နှစ်ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။

၂၀၂၃၊ ဖေဖော်ဝါရီ(၁၁)ရက်နေ့က မိုနာကိုအသင်းကို အဝေးကွင်းမှာ(၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာက PSG အသင်းအတွက် အဝေးကွင်းလိဂ်ပွဲစဉ်တွေမှာ နောက်ဆုံးရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် PSG အသင်းအနေနဲ့ တစ်ချိန်က စီးရီးအေကလပ် အေစီမီလန်အသင်းတင်ထားတဲ့ အမှတ်ပေးပြိုင်ပွဲအဝေးကွင်း(၃၈)ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တစ်ပွဲအသာနဲ့ ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ အမှတ်ပေးပြိုင်ပွဲအဝေးကွင်း ရှုံးပွဲမရှိအရှည်ကြာဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။

၁၉၉၁-၉၂ ရာသီက အေစီမီလန်အသင်း

အေစီမီလန်အသင်းကို နာမည်ကျော်နည်းပြကာပယ်လို ကိုင်တွယ်စဉ်အချိန်က ၁၉၉၁-၉၂ ရာသီမှာ တစ်ရာသီလုံးရှုံးပွဲမရှိခဲ့သလို ၁၉၉၂-၉၃ ရာသီမှာ တစ်ရာသီလုံးအဝေးကွင်းရှုံးပွဲမရှိခဲ့ဘဲ အဝေးကွင်းမှာ (၃၈)ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်ခဲ့တာပါ။

PSG အသင်းအနေနဲ့ ဒီရာသီပြင်သစ်လိဂ်မှာ တစ်ရာသီလုံးရှုံးပွဲမရှိကစားပြီး ဒီပြိုင်ပွဲမှာ ပထမဆုံး Invincible (ရှုံးပွဲမရှိ)ချန်ပီယံအဖြစ်လည်း မှတ်တမ်းသစ်ရေးထိုးဖွယ်ရှိနေပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ