ပြင်သစ်လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးရှုံးပွဲမရှိချန်ပီယံမှတ်တမ်းနဲ့ လွဲခဲ့ရတဲ့ PSG

ပြင်သစ်လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးရှုံးပွဲမရှိချန်ပီယံမှတ်တမ်းနဲ့ လွဲခဲ့ရတဲ့ PSG

PSG အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပြင်သစ်လိဂ်ပွဲစဉ်မှာ နိုက်စ်အသင်းကို အိမ်ကွင်းမှာ (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြင်သစ်လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး ရှုံးပွဲမရှိချန်ပီယံအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ပြင်သစ်လိဂ်လွဲလို့ ကျန်ထိပ်တန်းလိဂ်တွေဖြစ်တဲ့ အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီလိဂ်ပြိုင်ပွဲတွေမှာ တစ်ရာသီအတွင်း ရှုံးပွဲမရှိချန်ပီယံအသင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲမှာ ၁၈၈၉ ချန်ပီယံပရက်စတန်အသင်းက ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့သလို၊ ၂၀၀၄ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းကလည်း ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တာပါ။

၂၀၀၄ ရှုံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်း

စပိန်အမှတ်ပေးပြိုင်ပွဲမှာ ၁၉၃၀ ချန်ပီယံဘီလ်ဘာအိုအသင်းဟာ ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့သလို၊ ၁၉၃၂ ချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းကလည်း ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့ပါတယ်။

အီတလီအမှတ်ပေးပြိုင်ပွဲမှာလည်း ၁၉၁၃ ချန်ပီယံဗာဆယ်လီအသင်း၊ ၁၉၂၃ ချန်ပီယံ ဂျီနိုအာအသင်း၊ ၁၉၇၉ ချန်ပီယံပီရူးဂျီယာအသင်း၊ ၁၉၉၂ ချန်ပီယံ အေစီမီလန်အသင်း၊ ၂၀၁၂ ချန်ပီယံဂျူဗင်တပ်စ်အသင်းတို့ဟာ ရှုံးပွဲမရှိချန်ပီယံအသင်းတွေပါ။

ဂျာမနီအမှတ်ပေးပြိုင်ပွဲမှာလည်း ၁၉၄၃ ချန်ပီယံဒရက်စ်ဒနာအသင်း၊ ၁၉၈၃ ချန်ပီယံ ဘာလင်နာဒိုင်နမိုအသင်း၊ ပြီးခဲ့တဲ့ရာသီ ချန်ပီယံ လေဗာကူဆင်အသင်းတို့ဟာ ရှုံးပွဲမရှိချန်ပီယံအသင်းတွေ ဖြစ်ပါတယ်။

အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီလိဂ်ပြိုင်ပွဲတွေမှာ ဒီလို ရှုံးပွဲမရှိချန်ပီယံအသင်းတွေ ရှိခဲ့ပေမယ့် ပြင်သစ်လိဂ်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်သင်းတောင် မထွက်ပေါ်ခဲ့ဘဲ PSG အသင်းက ဒီရာသီမှာ အခွင့်အရေးရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲပြီးဖို့ (၄)ပွဲအလိုမှာ ဒီအဖိုးတန်မှတ်တမ်းကောင်းနဲ့ လွဲခဲ့တာပါ။

Read more

ရန်ကုန်မှာ ဒီတစ်ပတ်ထဲ ဘယ်တွေသွားကြမလဲ ?

ရန်ကုန်မှာ ဒီတစ်ပတ်ထဲ ဘယ်တွေသွားကြမလဲ ?

ရန်ကုန်မြို့မှာ ဒီတစ်ပတ် (မေလ ၃ ရက်ကနေ ၁၁ ရက်) ထဲ ဘာပွဲတွေလုပ်ဖို့ရှိသလဲ ? ဘယ်နေရာမှာလုပ်မှာလဲ ? ဆိုတာကို စုစည်းဖော်ပြပေးလိုက်ပါတယ် .. 1. Myanmar Power & Solar Energy Storage Lighting

ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်အသင်းက ဖီအိုရမ်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီဟာ ပြိုင်ဘက်အသင်းဖြစ်

လွန်ခဲ့သော် ၄၃နှစ် ခန့်ကလက်ပတ်နာရီမှာTVကြည့်လို့ရတယ်ဆိုယုံမလား

လွန်ခဲ့သော် ၄၃နှစ် ခန့်ကလက်ပတ်နာရီမှာTVကြည့်လို့ရတယ်ဆိုယုံမလား

၁၉၈၂ ခုနှစ်တွင်ဂျပန်နိုင်ငံက Seiko ဆိုသော ကုမ္ပဏီက အဲ့ဒီ့အချိန်အခါက အံ့ဩဖွယ်ရာနည်းပညာနဲ့ ထုတ်လုပ်ထားသော လက်ပတ်နာရီကို မိတ်ဆက်ပေးခဲ့ပါတယ်။၎င်

ဟယ်ရီဒင်ညိုဆိုတဲ့ နာမည်ပြောင်အသစ်ကို မိမိနှစ်သက်တယ်လို့ မက်ဂွဲယားဖွင့်ဟ

ဟယ်ရီဒင်ညိုဆိုတဲ့ နာမည်ပြောင်အသစ်ကို မိမိနှစ်သက်တယ်လို့ မက်ဂွဲယားဖွင့်ဟ

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွ