‘Weekend မှာ တစ်ခုခု လုပ်စားဖို့ စဥ်းစား​နေတဲ့သူတွေအတွက် အဆာပြေလိုက်လုပ်စားလို့ရမယ့် မုန့်လုပ်နည်း(၂)မျိုး

‘Weekend မှာ တစ်ခုခု လုပ်စားဖို့ စဥ်းစား​နေတဲ့သူတွေအတွက် အဆာပြေလိုက်လုပ်စားလို့ရမယ့် မုန့်လုပ်နည်း(၂)မျိုး

ဒီပိတ်ရက်တော့ နေ့လည်ခင်း ဗိုက်ဆာလာတာနဲ့၊လွယ်လွယ်ကူကူ လိုက်လုပ်စားလို့ ရမယ့်Pancake နဲ့ Oatmeal ကို အဆာပြေလုပ်စားဖြစ်ခဲ့ပါတယ်။

Pancake ကိုမနက်စာအနေနဲ့ပဲဖြစ်ဖြစ်၊နေ့လည်ခင်းအဆာပြေsnack အနေနဲ့ပဲဖြစ်ဖြစ် လုပ်စားလို့ရတယ်‌နော် ။

Oatmeal ကတော့ ကိုယ်အဆင်ပြေတဲ့ meal အနေနဲ့လုပ်စားလို့ရပြီးတော့ ခန္ဓာကိုယ်အတွက်လည်း တော်တော်လေးအကျိုးပြုပါတယ်။Oatmeal မှာAntioxidants များစွာ ပါ၀င်တဲ့အတွက် ကင်ဆာရောဂါ၊​သွေးတိုးရောဂါ နဲ့ နှလုံး​သွေး​ကြောကျဥ်း​ရောဂါ တို့ကိုလည်း ကာကွယ်​ပေးနိုင်ပါတယ်။

Diet လုပ်နေတဲ့လူတွေအတွက်လည်း စားလို့သင့်တော်တဲ့ Meal တစ်ခုဖြစ်ပါတယ်။ Diet လုပ်နေတဲ့လူတွေအနေနဲ့ ညနေ အစာရှောင်ချင်လို့ ပဲဖြစ်ဖြစ် အဟာရပြည့်ဝပြီး Calories နည်းတဲ့ Oatmeal ကိုဖြည့်စွက်စာအနေနဲ့ စားသုံးနိုင်ပါတယ်။ကဲ ဒါဆိုရင် မင်မင်တို့လုပ်စားဖြစ်ခဲ့တဲ့နည်းလေးတွေကိုပြောပြပေးသွားပါမယ်။

မင်မင်တို့ကတော့ ကြော်ပြီးလှော်ပြီးရင် တစ်ခါတည်း
တန်းစားလို့ရအောင် Oatmeal ကိုအရင်လုပ်ပါတယ်။


Oatmeal လုပ်ဖို့ပါဝင်ပစ္စည်းတွေကတော့ -
Oat
သကြား
ဆားအနည်းငယ်
ဒိန်ချဥ်
ကိုယ်စားချင်တဲ့ အသီးလေးတွေကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

ပထမဆုံး Oat ကို ကိုယ်စားမယ့်ခွက်ထဲကိုထည့်ပါ။ Oat အနည်းငယ် ပျော်ဝင်သွားစေရန်အတွက် ရေအနည်းငယ်ထည့်ပေးရပါမယ်။
ဒိန်ချဥ်ကို Oat ထဲကိုလောင်းထည့်ပါ။ပြီးရင် ကိုယ်လိုချင်သလောက် အချိုကိုမှန်းဆပြီး သကြားကိုထည့်ပေးပါ။
ကိုယ်ကြိုက်နှစ်သက်ရာ အသီးတွေကိုတော့ အတုံးလေးတွေတုံးပြီး ထည့်ပါမယ်။
မင်မင်တို့ကတော့ အေးအေးလေးစားရတာကြိုက်လို့ ရေခဲသေတ္တာထဲ ခဏထည့်ထားလိုက်ပါတယ်။

ဒုတိယတစ်မျိုးဖြစ်တဲ့ Pancake ကိုစလုပ်ရအောင်..


Pancake လုပ်ဖို့ပါဝင်ပစ္စည်းက-
ကြက်ဥ
ဂျုံမှုန့်
သကြား
နွားနို့
ဒိန်ချဥ်(မရှိရင် မထည့်လို့လည်း ရပါတယ်)


Pancake လုပ်ဖို့ Mix အရင်ဖျော်ရပါမယ်။
Mix ဖျော်ဖို့အတွက် ဂျုံမှုန့်အနည်းငယ်ထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ကြက်ဥနဲ့ ဂျုံ ကြေသွားအောင်မွှေပေးပါ။ဒိန်ချဉ် နဲ့ သကြားအနည်းငယ်ကိုလည်း ထပ်ထည့်ပါမယ်။
အားလုံးထည့်ပြီးရင် မပြစ်မကျဲအနေအထားရောက်အောင် မွှေပေးရပါမယ်။
ကဲ Mix ဖျော်ပြီးရင်တော့ ကြော်လို့ရပါပြီ။
ကြော်ဖို့အတွက် Pan ထဲမှာ အရင်ဆုံးဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။ဆီပူလာရင် ဖျော်ထားတဲ့ Mix ကိုဖြေးဖြေးချင်းထည့်ပေးပါ။အကုန်မထည့်ပဲ နည်းနည်းချင်းစီခွဲကြော်ပေးပါ။

အဓိက အချက်ကတော့ မီးအေးအေး နဲ့ ကြော် ရပါမယ်။
မီးပြင်းတဲ့အခါ အပြင်သားပဲကျက်ပြီး အတွင်းဘက် မကျက်တတ်လို့ ပါ။
မုန့်သား အပေါ် ဘက်မှာ ပူစီဖောင်းလေးတွေ ပေါ် လာတဲ့အခါ တစ်ဖက်သို့လှန်ပေးပါ။
ဒီနည်းအတိုင်းပဲ ဆက်ကြော် ပေးရင် လွယ်ကူ ရိုးရှင်းတဲ့ အဆာပြေ Pancake ရပါပြီ။

ကဲ..အခုဆိုရင် ပိတ်ရက်နေ့လည်ခင်းမှာ အဆာပြေစားဖို့ Pancake အိအိလေးနဲ့ oatmeal ရပါပြီ။


ဒါလေးကတော့မင်မင်တို့ ဒီ weekend မှာလုပ်စားဖြစ်ခဲ့တဲ့နည်းလမ်းလေးအတိုင်း ပြောပြပေးခဲ့တာပါ။


အရမ်းအရသာရှိလို့ လိုက်လုပ်စားကြည့်ကြပါ​နော်.

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ