စျေးမတက်ခင် စားကိုစားကြည့်သင့်တဲ့ Park Royal Yangon က Japanese ဘူဖေး

စျေးမတက်ခင် စားကိုစားကြည့်သင့်တဲ့ Park Royal Yangon က Japanese ဘူဖေး

ကဲ ဒီနေ့မှာတော့ ဂျပန်စာကြိုက်သူတွေ အတွက် admin သွားစားခဲ့တဲ့ အရသာလည်း ကောင်းပြီး ပေးရတဲ့ စျေးနဲ့ တန်တဲ့ ဆိုင်လေးတစ်ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်လေးကတော့ Park Royal Yangon မှာဖွင့်ထားတဲ့ Shiki Tei ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

ခုလို ကုန်စျေးနှုန်းတွေ အကုန်တက်နေချိန်မှာ ဂျပန်စာကြိုက်သူတွေ အဓိက ဆာရှိမိဆိုရင် တစ်ပွဲ တစ်ပွဲကို ပိုပြီး စျေးတွေတက်လာပါတယ်။ ဒါကြောင့် ဆာရှိမိ ကြိုက်သူတွေအတွက်ဆို ဒီဘူဖေးလေးက ပိုတောင် တန်မယ်လို့ adminက ပြောချင်ပါတယ်။

သူ့ဆီမှာက ဂျပန်စာ ဘူဖေးကိုမှ ဆာရှိမိ,တန်ပူရာ,teppanyaki , Kami-nabe(paper hotpot) , Yakimono(BBQ) , ဆူရှီ ,salad အပြင် main dish တွေနဲ့ အချိုပွဲတွေဆိုတာကလည်း တစ်ကယ် အစုံပဲ။Admin တို့ကတော့ စကားလေးလည်း အေးဆေးပြောရင်း စားကြတာ ည ၉း၃၀ ဘူဖေးအချိန်ပြည့်မှပဲ အိမ်ပြန်ဖြစ်ပါတော့တယ်။

အများဆုံးစားဖြစ်ခဲ့တာကတော့ ဆာရှိမိနဲ့ beef teppanyaki ပဲ ။ အရမ်းကြိုက်လွန်းလို့ အခြားဟာတွေ ၂ခေါက်ယူဖြစ်ရင် ဒီနှစ်မျိုးက ၄ခေါက်ပဲ ။ ဆာရှိမိဆိုတာလေ လုံးဝ လတ်ဆတ်နေပြီး အရသာအရမ်းရှိလို့ ဆာရှိမိ မကြိုက်ရင်တောင် ဒီက salmonဆာရှိမိလေးတော့ စားကြည့်ခဲ့ဖို့လည်း မှာချင်ပါတယ်။

နောက်ပြီး beef tenppanyaki ဆိုလည်း မှာမှ ကိုယ့်ရှေ့မှာ သေချာလုပ်ပေးတာနော်။ ပူပူလေးဆိုတော့ ပိုပြီးတော့ကို စားကောင်း။ အသားကလည်း မာမာကြီးလိုမဟုတ်ပဲ နူးအိနေပြီး တစ်ကိုက်ဆို တစ်ကိုက် ရှယ်ပဲ။Admin ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောရမယ်ဆိုရင် ဂျပန်စာကြိုက်သူတွေ အပြင် သွားစားဖူးကြည့်ချင်တဲ့ သူတွေအတွက်ရော ပေးရတဲ့ စျေးနဲ့ ပြန်ရတဲ့ အရသာက တစ်ကယ်တန်တယ်လို့ ပြောချင်ပါတယ်။

တစ်ယောက်ကို $38 ဖြစ်ပြီး ဒီစျေးနဲ့ကလည်း လကုန်ထိပဲ ရမှာဖြစ်ပြီး နောက်လဆိုတာနဲ့ စျေးတက်တော့မှာ ဖြစ်တာကြောင့် admin ကတော့ စားချင်တယ်ဆို စဉ်းစားမနေဘဲ ချက်ချင်းသွားစားလိုက်ကြဖို့ ကို အကြံပေးချင်ပါတယ်။

နောက်ထပ် သတင်းကောင်းတစ်ခုကတော့ Mastercard နဲ့ ရှင်းမယ်ဆိုရင် 10 % off အပြင် PPPlus membership နဲ့ပါဆို 20% off ကို ထပ်ရဦးမှာပဲ ဖြစ်ပါတယ်နော်။ကဲ ဒါဆို အောက်မှာ့ admin တို့စားခဲ့တာလေးတွေရဲ့ အရသာလေးတွေကို သေချာလေး ပြောပြပေးထားတာမို့လို့ ဆက်လက်ဖတ်ပေးကြပါဦး။

- Shiki Tei (Park Royal Yangon)

-5:30PM ~ 9:30PM (Friday ,Saturday)

-$38(Exchange rate- As per Central Bank rate)

Booking-09443833890, fnbsec.prygn@parkroyalhotels.com

Read more

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale