PC နဲ့ Laptop တွေမှာပါ သုံးလို့ရတော့မယ့် Huawei ရဲ့Harmony OS

PC နဲ့ Laptop တွေမှာပါ သုံးလို့ရတော့မယ့် Huawei ရဲ့Harmony OS

Huawei ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကတော့ တဖြည်းဖြည်းနယ်မြေချဲ့ထွင်မှုကတော့ အတော်လေးအားကောင်းနေတယ်လို့ ဆိုရမှာပါပဲ။ မနှစ်ကပဲ Huawei ရဲ့ စမတ်ဖုန်းနဲ့ Tablet မော်ဒယ်အချို့မှာ Harmony OS ထည့်သုံးခဲ့ပြီး အောင်မြင်ခဲ့ရာကနေ ဒီနှစ်မှာတော့ PC နဲ့ Laptop တွေမှာပါ ထည့်သုံးသွားဖို့ ကြေညာလာခဲ့ပါပြီ။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲဲ့တဲ့ Huawei ရဲ့ "HarmonyOS Computer Technology and Ecosystem Communication Event" မှာ PC နဲ့ Tablet များဖန်တီးထုတ်လုပ်တဲ့ဌာနခွဲရဲ့ ဥက္ကဋ္ဌ Zhu Dongdong က Harmony OS ကို PC version တွေ့ရတော့မယ်ဖြစ်ကြောင်း မိတ်ဆက်လာတာပါ။ 

PC version မှာတွေ့ရမယ့် HarmonyOS Base ဟာဆိုရင် Performance အမြင့်ပိုင်းတွေအတွက် Kernel နည်းပညာ၊ Hacking ပိုင်းတွေအတွက် အထူးလုံခြုံရေးနည်းပညာလို့ဆိုတဲ့ StarShield ၊ Ark Engine နဲ့ Quietly စသဖြင့် နည်းပညာအမြင့်ပိုင်းတွေ သုံးထားတယ်လို့ ဆိုပါတယ်။ 

HarmonyOS Ecosystem မှာဆိုရင် အထူးဖန်တီးထားတဲ့ App ပေါင်း 150 ကျော်အပြင် ပုံမှန် App ပေါင်း 2000 ကျော်ကို ထည့်သွင်းထားပြီး ကွန်ပျူတာအခြေခံအတွက် အတော်လေးအဆင်ပြေတဲ့ App တွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး AI နဲ့ပတ်သက်ပြီး သေချာလေးသုံးလို့ရနိုင်မယ်။ UI ပိုင်းကို သေချာလေးမပြခဲ့ပေမဲ့ Weibo က ဖော်ပြချက်အရ MacOS နဲ့ဆင်တူတယ်လို့ ဆိုပါတယ်။ 

Read more

ကာလရှည်ပစ်မှတ် ဇူဘီမန်ဒီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

ကာလရှည်ပစ်မှတ် ဇူဘီမန်ဒီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ ကာလရှည်ကြာခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ဆိုစီဒက်အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ ဇူဘီမန်ဒီ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

၀ုလ်ဗ်စ် - ဘရိုက်တန် (ပရီးမီးယားလိဂ်) (10 May 2025/ 8:30 pm) ၀ုလ်ဗ်စ်က ရမှတ်(၄၁)မှတ်နဲ့ အဆင့်(၁၃)မှာ ရပ်တည်နေပြီး ဘရိုက်တန်က ရမှတ်(၅၂)မှတ်နဲ့ အဆင့်(၁၀)နေရာမှာ ရပ်တည်နေတယ်

လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်း Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ အတည်ပြု

လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်း Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ အတည်ပြု

အာဆင်နယ်အသင်းဟာ အန်ဖီးလ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချန်ပီယံလီဗာပူးလ်အသင်းကို Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ

ဧပြီလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့တဲ့ မက်အလစ္စတာနဲ့ ဗစ်တော်ပါရဲရား

ဧပြီလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့တဲ့ မက်အလစ္စတာနဲ့ ဗစ်တော်ပါရဲရား

ပြီးခဲ့တဲ့ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုတွေကို ပုံမှန်အတိုင်းချီးမြှင့်ခဲ့ရာမှာ လီဗာပူးလ်ကွင်းလယ်လူမက်အလစ္စတာက အကောင်းဆုံးကစားသမားဆုကို ချ