"ဖွတ်မရ ဓားမဆုံး" ဖြစ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်ကျရှုံးမှု နောက်ဆက်တွဲဝဲဂယက်

"ဖွတ်မရ ဓားမဆုံး" ဖြစ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်ကျရှုံးမှု နောက်ဆက်တွဲဝဲဂယက်

မန်ယူနိုက်တက်အသင်းက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးကို အရေးနိမ့်ပြီးချန်ပီယံဆုနဲ့လွဲခဲ့ရတာကို အပေါ်ယံကြည့်ရင် ဒီရာသီဖလားလက်မဲ့ရာသီဖြစ်မယ် ... လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးမယ် ... ဒီလောက်ထိပဲ မြင်သူတွေရှိမှာပါ။

တကယ်တော့ ဒီဗိုလ်လုပွဲဆုံးရှုံးမှုက မန်ယူနိုက်တက်အသင်းအတွက် ကန်ရေပြင်ထဲကို ကြီးမားတဲ့ကျောက်တုံးကြီးတစ်လုံးကျသွားခဲ့သလို လှိုင်းဂယက်တွေ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်စေခဲ့ပါတယ်။ ယူရိုပါလိဂ်ချန်ပီယံဆုနဲ့လွဲခြင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်းက အသင်းရဲ့ဘဏ္ဍာရေးကို ကြီးကြီးမားမားထိခိုက်စေရုံတင်မကဘဲ အသင်းရဲ့တန်ဖိုးကိုပါ ဆွဲချသလိုဖြစ်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာရှုံးတာနဲ့တင် မန်ယူနိုက်တက်အသင်းကို ချက်ချင်းလက်ငင်းပေါင်(၅)သန်းကျော်လောက်နစ်နာစေခဲ့ပါတယ်။ ​ဥရောပဘောလုံးအဖွဲ့ချုပ်က ယူရိုပါလိဂ်မှာ ချန်ပီယံအသင်းကို ဆုကြေးပေါင်(၁၀.၉၅)သန်းသတ်မှတ်ထားပြီး ဒုတိယအသင်းကို ဆုကြေးပေါင်(၅.၉)သန်းသတ်မှတ်ထားတာကြောင့် မန်ယူနိုက်တက်အသင်းအနေနဲ့ ဗိုလ်လုပွဲ ရှုံးပြီးပြီးချင်းမှာပဲ ဆုကြေးပေါင်(၅.၀၅)သန်းနစ်နာခဲ့ပြီဖြစ်ပါတယ်။

ယူရိုပါလိဂ်ချန်ပီယံဖြစ်ရင် ဥရောပစူပါဖလားလုပွဲကစားရမှာကြောင့် ဒီ စူပါဖလားပွဲနဲ့ လွဲချော်မှုကလည်း နစ်နာမှု ပေါင်(၃.၄)သန်း(သို့မဟုတ်)ပေါင်(၄.၂၅)သန်းခန့် ရှိပါတယ်။ ဒါ့အပြင် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရင် ရုပ်သံဝင်ငွေ၊ ကွင်းဝင်ကြေး၊ ဆုကြေး၊ စပွန်ဆာကြေးအစရှိတဲ့ အသင်းရဲ့ဝင်ငွေအရပ်ရပ်ကရမယ့်ငွေက ပေါင်သန်း(၁၀၀)ကျော်အထိရှိနိုင်ပြီး ဒါကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

ဒါတွေက ယူရိုပါလိဂ်ချန်ပီယံဖြစ်ရင် မန်ယူနိုက်တက်အသင်းရရှိနိုင်တဲ့ ပုံမှန်အခွင့်အရေးတွေဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ ဒီပုံမှန်အခွင့်အရေးတွေကို မရတဲ့အပြင် မိမိရဲ့ပိုင်ဆိုင်မှုထဲကပါ ကြီးမားတဲ့ဆုံးရှုံးမှုတွေရှိခဲ့ပြီး "ဖွတ်မရဓားမဆုံး"ဆိုသလို ဖြစ်ခဲ့ရတာမျိုးပါ။

ပြောရရင်တော့ ကိုယ်မရလိုက်တဲ့ ဖွတ်ထက် ကိုယ်ဆုံးရှုံးလိုက်ရတဲ့ ဓားမကတောင် ပိုတန်ဖိုးကြီးမားနေတာမျိုးပါ။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာရှုံးနိမ့်ပြီးနောက် စတော့ရှယ်ယာစျေးကွက်မှာ မန်ယူနိုက်တက်အသင်းရဲ့ ရှယ်ယာတန်ဖိုးက ရုတ်ချည်းပြုတ်ကျသွားခဲ့ပါတယ်။

Financial Times သတင်းစာရဲ့ဖော်ပြချက်အရ စပါးအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် မန်ယူနိုက်တက်အသင်းရဲ့ရှယ်ယာတန်ဖိုးက (၇%)ကျဆင်းသွားခဲ့ပါတယ်။ ဒါက မန်ယူနိုက်တက်တစ်သင်းလုံးရဲ့တန်ဖိုးကို ပေါင်သန်း(၁၆၀)ဝန်းကျင်အထိ ကျဆင်းသွားစေခဲ့ပါတယ်။ ဒီဆုံးရှုံးမှုက အသင်းပိုင်ရှင်ဂလေဇာမိသားစုနဲ့ အသင်းအဓိကရှယ်ယာရှင်ဆာဂျင်ရက်ကလစ်ဖ်တို့အတွက် ကြီးမားတဲ့ထိုးနှက်ချက်လည်း ဖြစ်စေခဲ့ပါတယ်။

အလိုလိုကမှ မန်ယူနိုက်တက်အသင်းမှာ နည်းမျိုးစုံနဲ့ စရိတ်စကလျှော့ချရေးအစီအစဉ်တွေ ပြုလုပ်နေတဲ့ ရှယ်ယာရှင်ဆာဂျင်ရက်ကလစ်ဖ်အနေနဲ့ ဒီဆုံးရှုံးမှုအတွက် နောက်ဆက်တွဲ ဘယ်လိုတုံ့ပြန်မှုတွေ ဆက်လုပ်ဦးမလဲဆိုတာ မန်ယူနိုက်တက်အသင်းနဲ့ပတ်သက်သူတိုင်းအတွက် စိုးရိမ်ပူပန်မှုကြီးမားစေတဲ့အရာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရှယ်ယာတွေဝယ်ယူခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ငွေကြေးဆုံးရှုံးမှုတွေကို ထေမိစေဖို့ ကလပ်အသင်းဝန်ထမ်း(၂၅၀)လောက်ကို အလုပ်ထုတ်၊ နောက်ထပ်ဝန်ထမ်း(၂၀၀)လောက်ကို ဒီလအစောပိုင်းမှာ တွေ့ဆုံပွဲပြုလုပ်ပြီး အလုပ်ဆုံးရှုံးရနိုင်တယ်လို့ အသိပေးပြောဆိုခဲ့တဲ့ ရှယ်ယာရှင်ရက်ကလစ်ဖ်ဟာ မန်ယူနိုက်တက်အသင်းမှာ ဝန်ထမ်းတွေနဲ့ တစောင်းစေးနဲ့ မျက်ချေးဆိုသလို ဖြစ်နေတာပါ။

အရင်က ကလပ်အသင်းရဲ့ဖလားဗိုလ်လုပွဲတွေဆိုရင် ကလပ်အသင်းရဲ့ဝန်ထမ်းအများစုက ဗိုလ်လုပွဲကျင်းပရာကွင်းတွေမှာ အခမဲ့လိုက်ပါအားပေးခွင့်ရခဲ့ပေမယ့် ရက်ကလစ်ဖ်ရောက်လာပြီးနောက်ပိုင်း အဓိကတာဝန်ရှိသူတွေသာ လိုက်ခွင့်ရပြီး ကျန်ဝန်ထမ်းတွေက ကလပ်အသင်း စီစဉ်ပေးတဲ့နေရာမှာသာ ပရိုဂျက်တာနဲ့ ဗိုလ်လုပွဲကို ကြည့်နေရတာပါ။ သတင်းတွေအရတော့ မန်ယူနိုက်တက်ဝန်ထမ်းတွေဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ပရိုဂျက်တာက ကြည့်နေချိန်မှာ ရက်ကလစ်ဖ်ကို စောင်းမြောင်းအော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။

မန်ယူနိုက်တက်အသင်းမှာ ရက်ကလစ်ဖ်ရဲ့စရိတ်စကလျှော့ချရေးအစီအစဉ်(Redundancy Programme)ကြောင့် အမျိုးမျိုးသောလှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေချိန်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲရှုံးနိမ့်မှုကြောင့် ဘယ်လောက်အထိ ရိုက်ခတ်မှုကြီးမားဦးမလဲဆိုတာ မန်ယူနိုက်တက်ဝန်ထမ်းတွေအတွက် သောကပွေစရာပါပဲ။

"ဖွတ်မရ ဓားမဆုံး"အခြေအနေကြောင့်ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေ သက်သာအောင် စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ရှယ်ယာရှင်ရက်ကလစ်ဖ် ဘယ်လိုအတိုးအလျှော့တွေနဲ့ ကစားဦးမလဲ ... သူ့ရဲ့အစီအမံတွေအောက်မှာ မန်ယူနိုက်တက်အသင်းနဲ့ ပတ်သက်သူတွေ ဘယ်လောက်အထိ အလူးအလဲခံစားရဦးမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ ...

Read more

အစ်ကိုဖြစ်သူရဲ့ခြေရာအတိုင်း ဂျာမနီကိုသွားဖို့ ဖရန့်ဖတ်နဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်ဆွေးနွေး

အစ်ကိုဖြစ်သူရဲ့ခြေရာအတိုင်း ဂျာမနီကိုသွားဖို့ ဖရန့်ဖတ်နဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်ဆွေးနွေး

ဆန်းဒါးလန်းအသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့် ဂျုပ်ဘ်ဘယ်လင်ဂမ်ဟာ အစ်ကိုဖြစ်သူ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူဂျုဒ်ဘယ်လင်ဂမ်ရဲ့ခြေရာအတိုင်း ဂျာမနီမှာ ကစားဖိ

Smart Home Product တွေမိတ်ဆက်လာမည့် Apple

Smart Home Product တွေမိတ်ဆက်လာမည့် Apple

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်းက Apple သည် မော်တော်ယာဥ်လုပ်ငန်းအပါအဝင် အခြားသောစျေးကွက်များကိုပါထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည်။ယခုအခါ Mark Gurman ၏နောက်ဆုံးထွက်သတင်

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဆာလာဖွင့်ဟ

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဆာလာဖွင့်ဟ

အီဂျစ်တိုက်စစ်မှူး ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီအချိန်မှာ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး သွားရောက်ကစားဖို့ နီးစပ်

အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း လေဗာကူဆင်အသင်းအတည်ပြု

အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း လေဗာကူဆင်အသင်းအတည်ပြု

ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းဟာ စပိန်လူမျိုးနည်းပြဇာဘီအလွန်ဆို ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ အသင်းကထွက်ခွာပြီးနောက် လစ်လပ်နေတဲ့ နည်းပြနေရာ