မနေ့က မန်ယူနိုက်တက်(၀-၀)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ အင်္ဂလန်ကြယ်ပွင့်ဖိုဒန်ရဲ့မိခင်ကို ရိုင်းစိုင်းတဲ့အော်ဟစ်မှုတွေပြုလုပ်ပြီး ဖိုဒန်ကိုပစ်မှတ်ထားခဲ့တဲ့ မန်ယူနိုက်တက်အသင်းပရိသတ်တွေအနေနဲ့ အရှက်ရသင့်တယ်လို့ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ‌ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်ပရိသတ်တချို့ဟာ ဖိုဒန်ရဲ့မိခင်ဖြစ်သူ အသက်(၄၄)နှစ်အရွယ်ရှိ ရိုလန်စ်ကို ရည်ရွယ်ပြီး 's**g' လို့အော်ဟစ်ကာ ကွင်းထဲမှာရှိနေတဲ့ ဖိုဒန်ကို လှောင်ပြောင်ခဲ့တာပါ။

ဖိုဒန်ကို ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူနဲ့လူစားလဲခဲ့တဲ့အချိနိမှာ လှောင်ပြောင်မှုတွေဟာ ပိုပြီးများလာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ကစားသမားတွေကို ဦးတည်တဲ့ရိုင်းစိုင်းတဲ့အော်ဟစ်မှုတွေကို ရှုတ်ချခဲ့ပြီး နည်းပြဂွါဒီယိုလာကလည်း ဒီလိုမျိုးအော်ဟစ်တာကို အဆင့်အတန်းမရှိတဲ့လုပ်ရပ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။

ဂွါဒီယိုလာက "ဒါက အဆင့်အတန်းမရှိတာပါ။ ဒါပေမယ့် ဒါကယူနိုက်တက်မဟုတ်ပါဘူး။ လူတွေပါ။ ရိုးရိုးသားသားပြောရရင် ဖိုဒန်ရဲ့အမေနဲ့ပတ်သက်တဲ့ လူတွေရဲ့စိတ်ကို ကျွန်တော်နားမလည်နိုင်ပါဘူး။ ဒီလိုမျိုးလုပ်ရပ်က အဆင့်အတန်းမရှိလို့ သူတို့ရှက်သင့်ပါတယ်"လို့ ဆိုခဲ့ပါတယ်။

ဖိုဒန်ရဲ့မိခင် ကလာရီဟာ ၂၀၂၃ ခုနှစ်အတွင်းက နိုက်ကလပ်မှာ အရက်မူး သောင်းကျန်းပြီး လာရောက်ထိန်းသိမ်းတဲ့ ရဲတွေကို ဆဲဆိုခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

နာမည်ကျော်ကစားသမားတစ်ဦးရဲ့မိခင်ဖြစ်ပေမယ့် ပြင်ပလူနေမှုစရိုက်ကို မထိန်းသိမ်းတတ်တာကြောင့် နာမည်ဆိုးရှိသူဖြစ်လို့ မန်ယူနိုက်တက်ပရိသတ်တွေက အခုလို လှောင်ပြောင်ခဲ့တာပါ။

ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ မန်ယူနိုက်တက်အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့က မန်ချက်စတာဒါဘီပွဲစဉ်မှာ နှစ်သင်းစလုံးက ကစားသမားတွေရဲ့စိတ်အားထက်သန်မှုပြင်းထန်ခြင်းမရှိတဲ့အပေါ် ဝေဖန်ခဲ့ပါတယ်။