ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ လေဗာကူဆင်အသင်းထံ လီဗာပူးလ်အသင်းတရားဝင်ဆက်သွယ်မှုပြုလုပ်

ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ လေဗာကူဆင်အသင်းထံ လီဗာပူးလ်အသင်းတရားဝင်ဆက်သွယ်မှုပြုလုပ်

လီဗာပူးလ်အသင်းဟာ ဂျာမန်ကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်းထံ တရားဝင်ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက အခိုင်အမာဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းဟာ ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။

လေဗာကူဆင်ညာတောင်ပံနောက်ခံလူ ဖရင်ပေါင်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ လီဗာပူးလ်အသင်းဟာ နောက်ထပ်လေဗာကူဆင်အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၁၂၀)ကျော် သတ်မှတ်ထားတဲ့အတွက် လီဗာပူးလ်အသင်းဟာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်နေတာပါ။

ဖလော်ရီယန်ဗစ်ဇ်ကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်အသင်းထက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဖလော်ရီယန်ဗစ်ဇ်အတွက် လေဗာကူဆင်အသင်းသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေမယ်ဆိုရင် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီက ဘင်ဖီကာအသင်းကနေ အန်ဇိုဖာနန်ဒက်ဇ်ကို ပေါင်(၁၀၇)သန်းပေးပြီး ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးထက် ကျော်လွန်သွားမှာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ လူစာရင်းအင်အားပိုပြီးအားကောင်းစေဖို့အတွက် ရာသီမကုန်မီမှာ အပြောင်းအရွှေ့ဈေးကွက်ထဲ လှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ