သင့်ဖုန်း မျက်နှာပြင်ကနေတစ်ဆင့်ဘက်တီးရီးယားပိုးတွေကူးစက်နိုင်သလား

သင့်ဖုန်း မျက်နှာပြင်ကနေတစ်ဆင့်ဘက်တီးရီးယားပိုးတွေကူးစက်နိုင်သလား

တစ်ကယ်လို့သင့်ဖုန်းမျက်နှာပြင် ဒါမှမဟုတ် delivery ပစ္စည်းတွေရဲ့မျက်နှာပြင် ဖိနပ် အင်္ကျီ အစရှိတဲ့ထိတွေ့ပါများတဲ့ မျက်နှာပြင်တွေကနေတစ်ဆင့်ကူးစက်နိုင်သလားလို့စိုးရိမ်နေရင်တော့ဒါဟာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီလိုထိတွေ့ပါများတဲ့မျက်နှာပြင်တွေဟာဘက်တီးရီယားပိုးတွေကူးသန်းသွားလာဖို့အတွက်အဓိကအကြောင်းအရင်းတော့မဟုတ်ပေမဲ့သင့်ဖုန်းဒါမှမဟုတ်ဖုန်းကာဗာတွေမှာရှိတဲ့ရောဂါပိုးမွှားတွေဟာသင့်ရဲ့မျက်နှာနဲ့လက်ကိုကူးပြောင်းသွားဖို့အလားအလာတော့ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေ့စဉ်ထိတွေ့မှုအများဆုံးဖြစ်နေတဲ့အရာဟာသင့်ဖုန်းရဲ့မျက်နှာပြင်ဖြစ်နေလို့ပါ။

Photo Credit-Healthline


ကိုရိုနာဗိုင်းရပ်စ်ရဲ့ RNA ဟာအစောပိုင်းလေ့လာတွေ့ရှိချက်တွေအရဗိုင်းရပ်စ်ဟာမျက်နှာပြင်တွေပေါ်မှာအသက်ရှင်သန်နိုင်ဖို့အခွင့်အရေးရှိပြီးသင့်နေ့စဉ်သုံးနေတဲ့ဖုန်းမှာကိုးရက်အထိအသက်ရှင်သန်နိုင်ပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီထက်ပိုကြာသွားရင်ဗိုင်းရပ်စ်ကသင့်ဆီကိုကူးစက်နိုင်တယ်ဆိုတာလုံလောက်တဲ့သက်သေအထောက်အထားမပြနိုင်သေးပါဘူး။
ယခုအခါမှာကိုရိုနာဗိုင်းရပ်စ်ဟာကမ္ဘာအနှံ့ကိုပျံ့နှံ့နေပြီးလက်ကိုပုံမှန်ဆေးပြီးမျက်နှာကိုကာကွယ်ထားတာအကောင်းဆုံးပါပဲ။ကိုယ်အမြဲတမ်းကိုင်နေတဲ့ဖုန်းကိုလည်းနေ့စဉ်ပုံမှန်သန့်ရှင်းရေးလုပ်တာလည်းအကောင်းဆုံးပါပဲ။ဒါပေမဲ့ကိုယ့်ဖုန်းကိုအန္တရယ်မဖြစ်စေပဲသန့်ရှင်းနိုင်တဲ့နည်းလမ်းကဘယ်လိုမျိုးလဲ?

Photo Credit -Hello Teach


အခုခေတ်ဖုန်းတွေတော်တော်များများကရေစိုခံတဲ့ဖုန်းတွေဆိုတော့ရေနည်းနည်းပါးပါဝင်တာကသိပ်တော့ကိစ္စမရှိပေမဲ့ရေနဲ့ပဲဆေးလို့မရပါဘူး။ဖုန်းကို Hand gel တွေသုံးတာကနည်းလမ်းကောင်းတစ်ခုတော့မဟုတ်ပါဘူး။ Hand gel တွေကစေးတော့တစ်ကယ်လို့ရေစိုခံတဲ့ဖုန်းဖြစ်သည့်တိုင်ဖုန်းရဲ့အားသွင်းပေါက်နဲ့စပီကာပေါက်တွေကနေတစ်ဆင့်ဝင်သွားရင်ရေမဟုတ်တဲ့အတွက်ကြောင့်ကပ်စေးပြီးဖုန်းထဲက Electrical component တွေကိုထိခိုက်သွားနိုင်ပါတယ်။Fingerprint reader ပေါ်မှာ Hand gel တွေကပ်ကျန်နေခဲ့မယ်ဆိုရင် Finger printer reader ပုံမှန်အလုပ်မလုပ်တော့တာတွေတစ်ခါတည်း Unlock ပွင့်မလာတော့တာတွေဖြစ်နိုင်ပါတယ်။
အဲ့တော့ကိုယ့်ဖုန်းကိုသန့်ရှင်‌ရေးလုပ်မယ်ဆိုရင် Hand sanitizer နဲ့ Hand gel တွေမသုံးပဲရိုးရိုးရေနဲ့ဆပ်ပြာကိုအသုံးပြုပြီးဆေးတာအကောင်းဆုံးပါပဲ။လက်ဆေးတဲ့ဆပ်ပြာရည်ကိုရေနဲ့နဲနဲရောပြီးမျက်မှန်သုတ်တဲ့အဝတ်အချောလေးနဲ့သန့်စင်ဆေးကြောပေးတာကောင်းပါတယ်။ကိုယ့်အမြဲတမ်းထိတွေ့နေတဲ့မျက်နှာပြင်ကိုအဓိကထားပြီးရေနဲ့ဆပ်ပြာအရည်ရောပြီးတစ်ခါသုတ်ပြီးရင်အဝတ်ခြောက်လေးနဲ့နောက်တစ်ခါလိုက်ပြန်သုတ်အဲ့တာဆိုရင်‌တော့အတိုင်းအတာတစ်ခုထိတော့သန့်စင်ပြီးသားဖြစ်သွားမှာပါ။ရေနဲ့ရောထားတဲ့အတွက်ကြောင့်ဖုန်းထဲက Speaker အပေါက်နဲ့အားသွင်းပေါက်တွေကတစ်ဆင့်ဝင်သွားရင်တော့ပြန်ခြောက်ဖို့မြန်တဲ့အတွက်ကြောင့် Risk နည်းပါတယ်။ ဒီနည်းလမ်းဟာ ဖုန်းတစ်ခုတည်းကိုလုပ်နိုင်တာမဟုတ်ပဲကိုယ်အမြဲတမ်းသုံးနေတဲ့ Bluetooth နားကြပ်နဲ့ တခြား Tablet တို့ Laptop တို့ကိုလည်းဒီနည်းလမ်းအတိုင်းလုပ်နိုင်ပါတယ်။

Author : Hein Htet
Ref : Cnet

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ