ဒီဖုန်းက OnePlus ကနေ မိတ်ဆက်လာနိုင်ခြေရှိတယ်ဆိုပြီး Leak ထွက်လာတာပါ။ Weibo က Tipster တစ်ဦးဖြစ်တဲ့ Smart Pikachu ဆိုသူကနေ ဖော်ပြလာတာပဲဖြစ်ပါတယ်။ 

OnePlus 13 Mini (OnePlus 13T လို့လည်း အမည်ရ) ဟာ  Mini ဆိုတဲ့အတိုင်းပဲ compact ဒီီဇိုင်းလေးနဲ့ ထွက်လာမှာပါ။ Mini ဆိုပေမဲ့ ဘတ်ထရီက 6000mAh တောင် ပါမယ်လို့ ဖော်ပြထားပါတယ်။ ဖုန်းသေးသေးလေးတွေ ကိုင်ရတာကြိုက်တဲ့သူတွေအတွက်တော့ တကယ်မိုက်တာပဲ။ ဘတ်ထရီနဲ့တင် တော်တော်တန်နေပါပြီ။ 

နောက်ပြီး ထပ်မျှော်လင့်နေကြတာက ဈေးနှုန်းပါ။ FlagShip Compact နဲ့ လာမယ့်ပုံစံလို့ ထင်ကြေးပေးနေသလိုပဲ တစ်ဖက်မှာလည်း ဈေးအသက်သာဆုံး Sampdragon 8 Elite Chips သုံးထားတဲ့ စမတ်ဖုန်းဖြစ်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ဇန်နဝါရီတုန်းက Tipster Digital Chat Station ကနေတော့  6.31” LTPO OLED Display, in-display fingerprint sensor , 50MP Dual Camera Setup ဆိုပြီး ဖော်ပြခဲ့ပါသေးတယ်။ 

OnePlus Mini က Leak ထွက်တာ နည်းနည်းတော့ကြာပါပြီ။ ဒီနှစ်အစကတည်းက Tipster အချို့ပြောနေကြတာဆိုတော့ ထွက်လာဖို့က သေချာသလောက်တော့ ရှိနိုင်ပါတယ်။