ပီဇာပေါ်မှာ နာနတ်သီးတင်တာက ဘယ်ကနေ စတင်ခဲ့တာလဲ?

ပီဇာပေါ်မှာ နာနတ်သီးတင်တာက ဘယ်ကနေ စတင်ခဲ့တာလဲ?

ပီဇာTopping မှာ နာနတ်သီးတင်တဲ့ ကိစ္စက အခုထိကို လူတွေကြားမှာ အငြင်းအခုံဖြစ်နေတဲ့ အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ စစ်တမ်းတစ်ခုအရ 82% သောလူတွေက နာနတ်သီးကို ကြိုက်ကြပေမယ့်53% သော လူတွေကပဲ ပီဇာပေါ် နာနတ်သီးတင်တာကို ကြိုက်ကြတာပဲ ဖြစ်ပါတယ်။ပီဇာဆိုတာ လွန်ခဲ့တဲ့ 18 centuries လောက်ထဲက အီတလီနိုင်ငံ က စတင်ဖြစ်တည်လာခဲ့တဲ့ အစားအသောက်တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် နာနတ်သီးပါတဲ့ Hawaiian ပီဇာကိုတော့ အီတလီကနေ စတင်ခဲ့တာ မဟုတ်ပါဘူး။ဒါဆို ဒီ ပီဇာက ဘယ်ကနေ စတင်ဖြစ်တည်ခဲ့တာလဲ ဘယ်သူက တီထွင်ခဲ့တာလဲဆိုတာလဲ?ကဲ သိချင်တယ်ဆိုရင်တော့ စာလေးကို အဆုံးထိ ဆက်လက် ဖတ်ပေးကြပါဦး။အီတလီလူမျိုးတွေက ပီဇာကို အရမ်းကို အလေးထားတာဖြစ်ပြီး သူ့ရဲ့ original recipe ကိုလည်း မပျောက်ပျက်သွားအောင် အရမ်းကို ကာကွယ်ကြပါတယ်။ခုနက ပြောခဲ့သလိုပဲ Hawaiian ပီဇာက အီတလီလူမျိုးတွေ စခဲ့တာမဟုတ်သလို သူ့ရဲ့ နာမည်လိုမျိုး Hawaii ကျွန်းကနေ လာခဲ့တာလည်း မဟုတ်ပါဘူး။

ဒီ ပီဇာကို ၁၉၆၂ ခုနှစ် ကနေဒါနိုင်ငံမှာ Sam Panopoulos ဆိုတဲ့ လူကနေ စတင် တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။Panopoulos က Ontario ဆိုတဲ့ ပြည်နယ်လေးမှာ သူ့ရဲ့​ညီအစ်ကိုတွေနဲ့ အတူ ပန်ကိတ်,ဘာဂါ အစရှိတဲ့ အစားအသောက်တွေ ရောင်းတဲ့ စားသောက်ဆိုင် တစ်ခုကို ပိုင်ဆိုင်ပါတယ်။ သူက အီတလီနိုင်ငံ Naples မြို့ကို သွားရောက် လည်ပတ်ပြီး ပြန်လာတဲ့ အခါမှာတဲ့ Panopoulos က ပီဇာကို သူ့ရဲ့ ဆိုင် menu ထဲမှာ ထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ အချိန်တုန်းက ပီဇာက North America ဘက်မှာ အစားအသောက်အသစ်တစ်ခုဖြစ်ပြီး menu  အများစုက မှို,ဘေကွန်,pepperoni အစရှိတဲ့ topping တွေနဲ့ပဲ ရရှိသေးတာဖြစ်ပါတယ်။Panopoulos ကလည်း အစပိုင်းမှာ ဒီလို ပုံစံမျိုးနဲ့ ရောင်းခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူဟာ နာနတ်သီးလည်း ပါဝင်ပြီး အချို,အချဉ် အရသာ နှစ်မျိုးလုံးပါဝင်တဲ့ ကြက်ချိုချဉ်လိုမျိုး တရုတ်အစားအစာကို အမေရိကန် ပုံစံအနေနဲ့  စမ်းလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

သူဟာ ပီဇာကို  စည်သွတ်ဘူးထဲက နာနတ်သီးတွေရယ် ဝက်ပေါင်ခြောက်ရယ်နဲ့ ပြုလုပ်လိုက်ပြီး အစပိုင်းမှာတော့ ဒါဟာ အောင်မြင်မလား ကျရှုံးမလားကို မသိနိုင်သေးခဲ့ပါဘူး။ နောက်ပိုင်း ဒီ အချိုအချဉ်ပေါင်းစပ်ထားတဲ့ ပီဇာက သူ့ရဲ့ customer တွေကြားမှာ အရမ်းကို နာမည်ကြီးသွားခဲ့ပြီး အောင်မြင်မှု တစ်ခုဖြစ်သွားခဲ့ပါတယ်။ဒီကနေမှ တဖြည်းဖြည်းနဲ့ ဒီ နာနတ်သီးပီဇာက လူသိများလာခဲ့ပြီး ခုလို နာမည်ကြီးတဲ့Menu တစ်ခု ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ဒါဆို ဒီ ပီဇာကို Hawaiian ပီဇာလို့ ဘယ်လိုခေါ်ဖြစ်သွားတာလဲ

နာနတ်သီး စည်သွတ်ဘူးတွေ ဖျော်ရည်တွေကို မြောက်အမေရိကကို များစွာ တင်သွင်းလာခဲ့ပြီး ဒီ စည်သွတ်ဘူးရဲ့ နာမည်ကလည်း Hawaiian ပဲ ဖြစ်ပါတယ်။ Panopoulos က သူ အသုံးပြုနေတဲ့ ဒီ စည်သွတ်ဘူးရဲ့ နာမည်ကို တင်စားတဲ့ အနေနဲ့ သူတီထွင်ခဲ့တဲ့ နာနတ်သီးပီဇာကို Hawaiian Pizza ဆိုပြီး နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ