ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

မူလက စီစဉ်ထားသည်ထက်စောပြီး ၂၀၄၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက် တွင်ပိတ်သိမ်းရန် စီစဉ်ထားသည့် Bill & Melinda Gates Foundation သို့ လက်ရှိ ပိုင်ဆိုင်မှု​၏ ၉၉% ဖြစ်သော ဒေါ်လာ ၁၁၀ ဘီလီယံကျော်ကိုပေးအပ်သွားမည်ဟုBill Gates ကပြောခဲ့သည်။

ဤအသုံးစရိတ်များကို နှစ်ပေါင်း ၂၀ အတွင်း တဖြည်းဖြည်းဖြင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး ဘီလ်ဂိတ်စ် အသက်ရှိစဉ်ကာလအတွင်း ပိုမိုအကျိုးရှိစေရန် ရည်ရွယ်ကာ စုစုပေါင်းအသုံးစရိတ်မှာ ဒေါ်လာ 200 ဘီလျံအထိရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

Gates သည် Andrew Carnegie ​၏အဆိုကိုနှစ်သက်သဖြင့် လူသေသွားရင်တောင် ချမ်းသာမှုကိုအကျိုးမရှိပဲ မကုန်စေချင်တဲ့အတွက် ယခုလိုလှူဒါန်းရခြင်းဖြစ်တယ်လို့သိရပါတယ်။

Gates သည်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအပေါ် စိတ်ဝင်စားသူဖြစ်သည့်အလျှောက် မကြာသေးခင်ကအမေရိကန်၊ ယူကေ၊ ပြင်သစ် စသည့်နိုင်ငံများမှ နိုင်ငံခြားအကူအညီငွေကိုလျှော့ချလိုက်တာကို ဝေဖန်ခဲ့ပြီး၊ သူ့လိုအကြွင်းမဲ့လှူဒါန်းနိုင်သူများကိုလည်း ပိုမိုလှူဒါန်းဖို့အားပေးလှုံ့ဆော်ပေးနေသည်။