ပခုံးခွဲစိတ်ကုသမှုခံယူမယ့် ဘယ်လင်ဂမ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့လာမယ့်ရာသီအစပွဲအချို့ကို လွဲချော်ဖွယ်ရှိ

ပခုံးခွဲစိတ်ကုသမှုခံယူမယ့် ဘယ်လင်ဂမ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့လာမယ့်ရာသီအစပွဲအချို့ကို လွဲချော်ဖွယ်ရှိ

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ နှစ်အနည်းငယ်ကြာခံစားနေရတဲ့ ပခုံးပြဿနာကို ခွဲစိတ်ကုသမှုခံယူမှာဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့လာမယ့်ရာသီအစ ပွဲအချို့ကို လွဲချော်ဖွယ်ရှိနေပါတယ်။

ဘယ်လင်ဂမ်ဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ရီးရဲလ်မက်ဒရစ်အသင်းလူစာရင်းထဲပါဝင်မှာဖြစ်လို့ ဒီပြိုင်ပွဲအပြီးမှသာ ခွဲစိတ်မှုခံယူဖို့ရှိနေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာက ဗယ်လက်ကာနိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ပခုံးပြဿနာခံစားခဲ့ရပေမယ့် ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းမရှိဘဲ နောက်ထပ်ဒဏ်ရာမရရှိအောင် သူ့ပခုံးကို တင်းကြပ်စွာချည်နှောင်ပြီး ပွဲတွေကစားနေတာဖြစ်ပါတယ်။ The Athletic က ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘယ်လင်ဂမ်ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားတာပါ။

ဒီခွဲစိတ်မှုကြောင့် ဘယ်လင်ဂမ်ဟာ (၁၂)ပတ်ကြာအနားယူရဖွယ်ရှိပြီး ၂၀၂၅-၂၆ ရာသီအစကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ရာသီကြိုနဲ့ ရာသီအစပွဲတွေအပြင် စက်တင်ဘာမှာယှဉ်ပြိုင်မယ့် အန်ဒိုရာ၊ဆားဘီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ဒေါ့မွန်အသင်းကနေ ပေါင်(၁၁၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ပွဲဦးထွက်ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၄၃)ပွဲမှာ (၂၃)ဂိုးသွင်းယူကာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၅၁)ပွဲပါဝင်ကစားထားပြီး (၁၄)ဂိုးသွင်းယူကာ ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်