‘ Plank ထောက်ခြင်း နဲ့ လွဲမှားနေတဲ့ ကိုယ်ဟန်အနေအထား ’’

‘ Plank ထောက်ခြင်း နဲ့ လွဲမှားနေတဲ့ ကိုယ်ဟန်အနေအထား ’’

Plankက ဝမ်းဗိုက်ကြွက်သားအတွက် အလွန်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး အကျိုးကျေးဇူးများစွာရှိပါတယ်။ABS လေ့ကျင့်ခန်း အတွက်တော့ Plank က မပါမဖြစ်ပါပဲ။
ဒီနေ့မှာတော့Plank ထောက်ခြင်းကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေရယ်၊Planking-Step by Step နှင့် လွဲမှားနေတဲ့ကိုယ်ဟန်အနေအထားပုံစံ တွေကိုဖော်ပြပေးလိုက်ပါတယ်။တစ်ပုံချင်းစီထောက်ပြီး ဖတ်ပေးပါနော်။

Plank ထောက်တာက ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာကို ပေးတဲ့အပြင် လေ့ကျင့်ခန်းတိုင်းရဲ့ အရေးကြီးတဲ့ကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် Plank ထောက်ခြင်းက လုပ်ဆောင်မှုတိုင်းအတွက် ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်၊
၊ ဟန်ချက်ညီစေရန်နှင့် စွမ်းအားရှိစေရန် ကူညီပေးပါတယ်၊
Core strength ကို ညှိနှိုင်းပြီး အားကောင်းသော အားကစားလှုပ်ရှားမှုအားလုံးအတွက် အခြေခံဖြစ်ပါတယ်။အဆစ်တွေပေါ် မှာရှိတဲ့ ဖိအားကိုလျှော့ချနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားကို ရရှိစေနိုင်ပါတယ်။

Plank လေ့ကျင့်ခန်းကို core muscle strength နဲ့ stability test တို့ရဲ့ အခြေခံအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
Plank ထောက်ခြင်းက cardio လေ့ကျင့်ခန်းလိုမျိုး ခွန်အားတည်ဆောက်ရေး လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကယ်လိုရီလောင်ကျွမ်းမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

Planking လေ့ကျင့်ခန်းက နောက်ကျော၊ လည်ပင်း၊ ရင်ဘတ်၊ ပခုံးနှင့် ဝမ်းဗိုက်ကြွက်သားများကို အားကောင်းစေရုံသာမက ခန္ဓာကိုယ်အနေအထားကိုလည်း တိုးတက်စေပါတယ်။Plank ထောက်ခြင်းကို နေ့တိုင်းလုပ်ပါက ကိုယ်နေဟန်ထား ပိုကောင်းလာပြီး နောက်ကျောက ဖြောင့်တန်းနေပါလိမ့်မယ်။

အဆင်ပြေတဲ့ Plank အနေအထားရဖို့အတွက်ဆိုရင်~

1.လက်ဖျံ နဲ့ ခြေချောင်းတွေကို ကြမ်းပြင်ပေါ်တွင် မှောက်လျက်ထားပါ။
2.တံတောင်ဆစ်ကိုကွေးထားတဲ့အနေအထားနဲ့ ပခုံးအောက်တွင် တစ်တန်းတည်းထားပါ။
3.ခေါင်းကို ဖြေလျှော့ပြီး ကြမ်းပြင်ကိုမျက်နှာမူပါ။ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်တန်းတန်းထားပါ။
4.ပခုံး နိမ့်ကျသွားတာတွေမဖြစ်အောင် သတိပြုပါ။ခြေဖနောင့်ကိုလည်း မလှဲထားဘဲ ခြေဖဝါးပေါ်တင်ထားတဲ့အနေအထားဖြင့်ထားပါ။အသက်ကိုပုံမှန်ရှူပေးပါ။
ဤအနေအထားကို 10 စက္ကန့်ကြာအောင်ထားပါ။ပြီးနောက် မူလအနေအထားသို့ပြန်ပြောင်းပါ။
အချိန်ကို စက္ကန့် 10၊ 30၊ 45 ၊60 အထိ တိုးသွားပြီး လေးကြိမ်ပြုလုပ်နိုင်ပါတယ်။

Plank ထောက်တာနဲ့ပတ်သတ်ပြီးမှားလေ့မှားထရှိတဲ့Position

နောက်ကျောကိုကွေးခြင်း
နောက်ကျောကိုကွေးထားတဲ့အခါ လက်မောင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကိုမထားသလိုဖြစ်ပြီး ပင်ပန်းလွယ်ပါတယ်။

တင်ပါးများ လျော့သွားခြင်း
ဝမ်းဗိုက်သားကြွက်သားက ပင်ပန်းနွမ်းနယ်လာတဲ့အခါ တင်ပါးကလည်း အလိုလို ပြေလျော့လာမှာဖြစ်ပါတယ်။အဲ့လိုမဖြစ်ရအောင် ခြေဖဝါးကို ပိုကျယ်အောင် အနည်းငယ် ခွဲထုတ်ပြီး ဗိုက်သားကိုညှစ်ပြီး အာရုံစိုက်ပါ။

ဦးခေါင်းကို စောင်းထားခြင်း
မှားလေ့ရှိတဲ့အထဲမှာ မျက်နှာကို အပေါ်မော့ထားတာကလည်းတစ်ခုအပါအဝင်ပါပဲ။ခေါင်းကိုမော့ထားခြင်းက လည်ပင်းမှာတင်းမှုဖြစ်စေပြီး
ဟန်ချက်ပျက်တတ်တဲ့အတွက် သတိထားပါ။လည်ပင်းကို စောင်းမထားဘဲ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်အောင် တစ်တန်းတည်းထားပါ။အနေအထားမမှန်တဲ့အခါ ထိရောက်မှုမရှိဘဲ ကြွက်သားနာကျင်မှုပဲ အဆစ်ရနိုင်တာမို့ လို့ သတိထားပေးပါ။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ