အောက်ဆီဂျင်ကိုထုတ်ပေးနိုင်တဲ့ Indoor Plants အမျိုးအစားတွေက

အောက်ဆီဂျင်ကိုထုတ်ပေးနိုင်တဲ့ Indoor Plants အမျိုးအစားတွေက

လေထုထဲမှာ အောက်ဆီဂျင်တွေလျော့ နည်းလာတာနဲ့အမျှ ကိုယ်နေတဲ့ပတ်၀န်းကျင်မှာလည်းအောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ အပင်လေးတွေရှိဖို့လိုအပ်ပါတယ်။လူတစ်ယောက်က ပုံမှန်အားဖြင့်  7-8 liters လောက် လေရှုထုတ်ကြပြီး တရက်ကို 2000 gallons (7570 liters) air တရက်ကို ရှုသွင်းကြပါတယ်။ ရှုသွင်းတဲ့လေထုမှာလည်း အောက်ဆီဂျင်က ၂၀% ပါပါတယ်။ အခုလို Covid ကာလမှာ အောက်ဆီဂျင်ကို အိမ်တွင်းထဲမှာပဲ အောက်ဆီဂျင်ရနိုင်တဲ့ အပင်လေးတွေစိုက်ဖို့ အကြံပေးချင်ပါတယ်။လေထုသန့်စင်ပေးနိုင်တဲ့ Air Purifying Plant လေးတွေ စိုက်ပေးခြင်းကလည်း Viruses တွေကိုသန့်စင်ပေးနိုင်ပါတယ်။Indoor  Plants လေးတွေကိုယ့်အိမ်မှာရှိခြင်းကလည်း ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါလန်းဆန်းစေပါတယ်။
နဂါးစက်ပင် ( Snake Plant )
တော်တော်များများ ဒီအပင်ကိုမြင်ဖူးကြမယ်ထင်ပါတယ်။ အိမ်တွေမှာလည်း အလှစိုက်သလို နယ်တွေမှာဆိုလည်း ခြံစည်းရိုးအနေနဲ့ စိုက်ထားတာတွေ့ရတတ်ပါတယ်။ အရမ်းလည်းဂရုစိုက်စရာမလိုသလို အလွယ်တကူ မျိုးပွားနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ညအချိန်မှာ အောက်ဆီဂျင်ထုတ်ပေးနိုင်ပြီး အခန်းအတွင်းရှိလေထုကိုလည်း သန့်စင်ပေးနိုင်ပါတယ်။


အလှစိုက်အုန်း ( Areca Plam )
အုန်းပင်အသေးတွေလို ပုံစံရှိပြီး ပတ်၀န်းကျင်မှာရှိတဲ့ ညစ်ညမ်းတဲ့လေထုတွေ၊ Formaldehyde လို့ခေါ်တဲ့ဓာတ်ငွေ့တွေ ကိုစုပ်ထုတ်ပေးနိုင်ပါတယ်။ တစ်ချို့ အိမ်တော်တော်များများက Living Room တွေမှာစိုက်တာများကြပါတယ်။


ရွှေလာငွေလာ ( Money Plant )
Money Plant လေးတွေက မြန်မာတွေရဲ့ အယူအဆတစ်ခုအနေနဲ့  ဒီအပင်လေးစိုက်ထားရင် စီးပွါးလာဒ်လာဘ တိုးပွါးစေတယ်ဆိုပြီးလည်းစိုက်ကြပါသေးတယ်။တစ်ခုသတိထားရမှာက ကိုယ့်အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေရှိတယ်ဆိုရင် ဂရုစိုက်ပေးသင့်ပါတယ်။ ဒီအပင်က သူတို့လေးတွေအရွက်လေးတွေစားမိရင်  အဆိတ်အတောက်ဖြစ်စေတတ်ပါတယ်နော်။


ရှားစောင်းလက်ပတ် (Aloe Vera )
ရှားစောင်းလက်ပတ်အပင်က လူ့ပတ်၀န်းကျင်မှာဆိုရင်တော့ မရှိမဖြစ်အပင်တစ်မျိုးလို့တောင်ပြောလို့ရပါတယ်။ အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့အပြင် အလှအပ အရေးအရာအတွက်ဆိုလည်းမရှိမဖြစ်ပါနော်။အရမ်းလည်းဂရုစိုက်စရာမလိုသလို ရေလည်းအများကြီးလောင်းပေးစရာလည်းမလိုပါဘူးနော်။

Photo Credit - Pinterest

Cali - Akhayar Lifestyle

Read more

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်