Play Store မှာ Skype မရှိတော့ပါ..

Skype ကို မနေ့က မေလ ၅ ရက်မှာ အပြီးတိုင်ဖျက်သိမ်းခဲ့ပြီးနောက် Google Play Store မှာ မတွေ့ရတော့ဘူးလို့ အချို့တွေက ဆိုလာပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ Play Store နဲ့ App store တွေမှာ ရနေသေးတယ်လို့ ဆိုထားတဲ့အပြင် web browser တွေမှာလည်း တွေ့နေသေးတယ်လို့ ဖော်ပြထားပါတယ်။

မတ်လတုန်းကတည်းက Microsoft ကနေ Skype ကို မေလ ၅ ရက်နေ့ မှာ အပြီးတိုင်ပိတ်သိမ်းသွားမယ်ဖြစ်ကြောင်း ကြေညာခဲ့ပြီး Microsoft Team ကို ပြောင်းသုံးဖို့ တိုက်တွန်းခဲ့တာပါ။ Skype ကို ပိတ်သိမ်းတဲ့ရည်ရွယ်ချက်ကလည်း Teams ကို အဓိကသုံးစေချင်တာကြောင့်ပါ။ မနေ့က မေလ ၅ ရက်နေ့မှာတော့ Skype ကို တကယ်ပိတ်သိမ်းသွားခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

လက်ရှိ Skype ထဲဝင်မယ် install လုပ်မယ်ဆိုရင် Teams ကိုပဲ ပြောင်းသုံးခိုင်းနေပါတယ်။ Microsoft website မှာကို Goodbye Skype, hello Teams လို့ ပြောထားတာလည်း တွေ့ကြမှာပါ။ လက်ရှိ App ထဲမှာ သုံးနေတဲ့သူတွေတော့ ဘယ်လိုအခြေအနေရှိလဲခင်ဗျာ။ (ကျွန်တော်က မသုံးတော့ မသိလို့ မေးတာပါ)

ပထမဆုံး အွန်လိုင်းပေါ်မှာ အပြန်အလှန်စကားပြောနိုင်တဲ့ Platform တစ်ခုအဖြစ် ၂၂ နှစ်ကြာ ရပ်တည်ခဲ့ပြီးနောက်မှာတော့ user တွေကို နှုတ်ဆက်ခဲ့ပါပြီ။ Skype user တွေအနေနဲ့ Teams ကို ပြောင်းသုံးရမယ့်အပေါ် အထင်အမြင်လေးတွေနဲ့ Skype နဲ့ပတ်သက်ပြီး အမှတ်တရတွေရှိရင်လည်း ပြောပေးခဲ့ကြပါဦးခင်ဗျာ..

စကားမစပ် Skype က data တွေ ဘယ်လိုလုပ်မလဲဆိုတာအတွက် Teams မှာ Skype account နဲ့ ဝင်မယ်ဆိုရင် Chatting တွေ Data တွေကို အလိုအလျောက်လွှဲပြောင်းသွားမှာဖြစ်ပြီး သိမ်းဆည်းနိုင်မှာပါလို့ Microsoft ဘက်က ဆိုထားပါတယ်။