Device အဟောင်းတွေမှာ Pokemon GO ကိုဆက်လက်ဆော့ကစားလို့ရတော့မှာမဟုတ်

Device အဟောင်းတွေမှာ Pokemon GO ကိုဆက်လက်ဆော့ကစားလို့ရတော့မှာမဟုတ်

တကယ်လို့ သင်ဟာ Pokemon GO ကို ဖုန်းအဟောင်းတွေမှာ ဆော့ကစားနေတုန်းပဲဆိုရင်တော့ ဒီသတင်းက သတင်းဆိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Pokemon GO ဟာ Operating System အဟောင်းတွေနဲ့ ဖုန်းအဟောင်းတွေမှာ ဆက်လက်ဆော့ကစားလို့ရမှာမဟုတ်တော့ဘူးလို့ ကြေညာချက်တစ်ခုထုတ်ပြန်ထားတာမို့လို့ပါ။

ဒီသတင်းကို Pokemon GO ရဲ့ Official Twitter အကောင့်ကနေ ကြေညာထားတာဖြစ်ပြီးတော့ Android 5 အသုံးပြုထားတဲ့ဖုန်းတွေ၊ iOS 10 နဲ့ 11 အသုံးပြုနေဆဲဖုန်းတွေဟာ အောက်တိုဘာလကနေ စ ပြီးတော့ ဆက်လက်ဆော့ကစားနိုင်မှာမဟုတ်တော့ဘူးလို့ ကြေညာထားပါတယ်။ iOS 12 နဲ့အထက်အသုံးပြုထားတဲ့ ဖုန်းတွေကတော့ အဆင်ပြေနိုင်မယ်ဆိုပေမယ့် iPhone 5S နဲ့ 6 မှာကတော့ လုံးဝဆော့ကစားနိုင်တော့မှာမဟုတ်တော့ဘူးလို့လည်း ကြေညာထားပါသေးတယ်။

ဘယ်ရက်လောက်မှာ ထောက်ပံ့ပေးထားတာကို ရပ်တန့်သွားတော့မလဲဆိုတာကိုတော့ အသေအချာမကြေညာရသေးပါဘူး။ ခန့်မှန်းရတာကကတော့ Pokemon GO ဟာ App ထဲမှာ ဖုန်းအဟောင်းတွေမှာ သုံးလို့မရတော့မယ့် Feature အသစ်တွေ ထည့်သွင်းတော့မှာကြောင့် အခုလိုမျိုး ထောက်ပံ့ပေးထားတာကို ရပ်တန့်လိုက်တာဖြစ်ပါတယ်။

Ref: Gamespot

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ