Pova Series မှာလည်း Curve Display လာတော့မယ်

တစ်ခုရှိတာက Pova Curve လို့ နာမည်ပေးထားလို့သာ Pova Series ထဲကလို့ အမည်တပ်လိုက်တာပါ။ တကယ်တမ်း မော်ဒယ်အသစ်တစ်မျိုးအနေနဲ့ မိတ်ဆက်ဖို့ကတော့ ပိုများတယ်လို့ ပြောရမှာပါပဲ။ Tecno ကနေ Pova Curve ကို လာမယ့် မေလ 29 မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ 

Tecno က Pova Curve ရဲ့ အပြည့်အစုံ specs မပြောသေးပေမဲ့ Pova Curve ဆိုတဲ့အတိုင်း Curve Display နဲ့လာဖို့ ဒီဇိုင်းအချို့ကိုတော့ ဖော်ပြလာပါပြီ။ ကျောဘက်မှာ Dual Camera Set up နဲ့ဖြစ်ပြီး NFC Support သွားမှာပါ။ MediaTek Dimensity 7300 SoC သုံးထားမယ်လို့ ခန့်မှန်းထားကြပြီး

Pova Curve ရဲ့ အနောက်ဖက်ဒီဇိုင်းကို Tecno က “အနာဂတ်ဆန်တဲ့ဒီဇိုင်း” လို့ဖော်ပြထားတဲ့အပြင် Best Design , Best Signal , Best AI တို့အပေါ် အခြေခံပြီး ဖန်တီးထားတယ်လို့လည်း ဆိုထားပါတယ်။ AI နဲ့ပတ်သက်ပြီး Pova Curve မှာတော့ ELLA လို့ ခေါ်တဲ့ Tecno ရဲ့ ကိုယ်ပိုင် voice assistant ပါဝင်လာမှာပါ။ AI Privacy Blurring၊ Circle to Search အပါအဝင် AI Feature တော်တော်များများသုံးနိုင်မယ်လို့လည်း ဆိုထားပါတယ်။ 

Tecno Pova Curve ကိုတော့ မေလ 29 မှာ အိန္ဒိယမှာမိတ်ဆက်သွားမှာဖြစ်ပြီး နိုင်ငံတကာကို ဖြန့်ချီဖို့အလားအလာကိုတော့ စောင့်ကြည့်ရမယ့်ပုံပါပဲ။