ရန်ကင်းမှာ ဖက်ထုပ်နဲ့ မြေအိုးထမင်း ကောင်းကောင်းလေး စားကြမယ်

ရန်ကင်းမှာ ဖက်ထုပ်နဲ့ မြေအိုးထမင်း ကောင်းကောင်းလေး စားကြမယ်

ကဲ ဒီနေ့မှာတော့ admin က ရန်ကင်း၊ ရန်အောင် ၇ လမ်းမှာ ရှိတဲ့ PP Food ဆိုတဲ့ ဆိုင်လေးကို ရောက်ခဲ့ပါတယ်။ ဆိုင်လေးက သေးသေးလေးနဲ့ အပြင်အဆင်လေးကတော့ တစ်ကယ် ချစ်စရာလေးနော်။ သူ့ဆိုင်က အရင်ကFrozen food တွေ ရောင်းရာကနေ ခုဆိုင်ဖွင့်လိုက်တာပါ။

Admin တို့ကတော့ ဖက်ထုပ်ရယ် ကြက်မြေအိုးထမင်းရယ် ထမင်းဘူးလေးရယ်၊ ဆန်ပြုတ်ရယ် စားဖြစ်ခဲ့ကြပါတယ်။ ဖက်ထုပ်ဆိုလည်း သူ့ဆီမှာက ဖက်ထုပ်ပြုတ်,ဖက်ထုပ်ကြော်ကိုမှ စီချွမ်အရသာလေးနဲ့လည်း ရတယ်။Admin ကတော့ ဖက်ထုပ်ကြော်လေးကို ပိုကြိုက်တယ်။ ကြွပ်ကြွပ်လေးနဲ့ တော်တော်စားလို့ကောင်းတယ်။

နောက်တစ်ခုကတော့ Lunch box( ထမင်းဘူး) ပဲဖြစ်ပါတယ်။ဒီမှာဆိုရင် အဓိကက ချားရှုးအသားကင်ပေါ့။ နောက်ပြီး ဖက်ထုပ်ကြော်၊ပဲငံဥ၊ သခွားချဉ်၊ စီချွမ်ဆော့လည်း ပါသေးတာနော်။စျေးနှုန်းလည်း သင့်တာမလို့ အလုပ်ကနေ မှာစားဖို့အတွက်ဆို တော်တော်အဆင်ပြေတယ်ပြောရမယ်။

ကြက်မြေအိုးထမင်းပေါင်းလေးနဲ့ ဆန်ပြုတ်လည်း စားကောင်းတယ်။ ဆန်ပြုတ်ဆိုရင် သူက ကြက်ပြုတ်ရည်နဲ့ကိုမှ နှစ်ခါတောင်ပြုတ်ပေးထားတာမလို့ အရသာကတော့ တစ်ကယ်ရှယ်ပါပဲ။ကာကြက်ဥလေးလည်း ပါသေးတယ်နော်။တစ်ခုရှိတာက ဆန်ပြုတ်လေးဆိုရင်လည်း အရသာက နည်းနည်း လေးတဲ့ဘက် ရောက်တယ်။admin က တော်ရုံ အလေးမစားပေမယ့် သူ့အရသာလေးက တော်တော်ကောင်းတော့ တစ်ပွဲကုန်ခဲ့ပါတယ်။တစ်ကယ်လို့ ကိုယ်က အပေါ့စားတဲ့သူဆိုရင်လည်း ဆိုင်ကို မှာတဲ့အခါ တစ်ခါတည်း ပြောကြည့်ဖို့ အကြံပေးချင်ပါတယ်။

Frozen food လေးတွေလည်း ရှိတာမလို့ အိမ်မှာ အချိန်အများကြီး မပေးရဘဲ လွယ်လွယ်ကူကူ လုပ်စားချင်တဲ့ သူတွေအတွက် ကွက်တိပဲနော်။ဆိုင်လေးက အပြင်အဆင်လေးလည်း လှပြီး အေးဆေးထိုင်ချင်တဲ့သူတွေ အတွက်အဆင်ပြေပါတယ်။

ဆိုင်နာမည်- PP Food
ဆက်သွယ်ရန်ဖုန်း-09792881061 , 09793074422
ဆိုင်လိပ်စာ-ရန်အောင် ၇ လမ်း(၁၂ လုံးတန်းမီးပွိုင့် အနီး)၊ ရန်ကင်း၊ ရန်ကုန်
PP Foods & Frozen Foods Myanmar · 201, 3 Yan Shin St, Yangon, Myanmar (Birma)
★★★★☆ · Dumplingrestaurant

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ