ပရီမီယာကော်ဖီက ဦးဆောင်၍ ဧရာဝတီလင်းပိုင်များကို ပူးပေါင်းကာကွယ်နိုင်မည့် လူမှုအကျိုးပြုအစီအစဥ် ကျင်းပပြုလုပ်

ပရီမီယာကော်ဖီက ဦးဆောင်၍ ဧရာဝတီလင်းပိုင်များကို ပူးပေါင်းကာကွယ်နိုင်မည့် လူမှုအကျိုးပြုအစီအစဥ် ကျင်းပပြုလုပ်

မြန်မာနိုင်ငံ၏ ထိပ်တန်း အသင့်သောက် ကော်ဖီအမှတ်တံဆိပ် တစ်ခုဖြစ်သော ပရီမီယာသည်  ဧရာဝတီမြစ်ကြီး ကျန်းမာစွာ ဆက်လက်စီးဆင်းတည်ရှိနေရန်နှင့်   မြန်မာနိုင်ငံအမွေအနှစ် တစ်ခုဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးပါးအခြေအနေကို ရင်ဆိုင်နေရသည့် ဧရာဝတီလင်းပိုင်များ ၎င်းတို့၏မွေးရပ်ဌာနီတွင် လုံခြုံစွာ ရှင်သန်ကျက်စားနိုင်ရေးအတွက် မြန်မာပြည်သူတိုင်း ပါဝင် လှူဒါန်းနိုင်မည့် “ဧရာဝတီလင်းပိုင်တို့ဌာနီ ပရီမီယာနှင့်အတူပူးပေါင်းကာကွယ်မည်” ဆိုတဲ့ လူမှုအကျိုးပြု အစီအစဉ်ကို ပြုလုပ်ပေးထားပါသည်။ ဤအစီအစဉ်သည် ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင် မျိုးသုဉ်းပျောက်ကွယ်လု နီးပါး အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်အတွင်း နေထိုင်ကျက်စားလျက်ရှိသော ဧရာဝတီလင်းပိုင်လေးများအား တရားမဝင်ငါးဖမ်းဆီးမှုများကြောင့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်မှ ကာကွယ်နိုင်ရေးနှင့် အကောင်အရေအတွက်တိုးပွားလာစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ပရီမီယာသည် ဤအစီအစဉ်မှ ရရှိမည့် လှူဒါန်းငွေများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်း စီမံကိန်းသို့  ၂၀၂၁ ခုနှစ် ဇွန်လတွင် လှူဒါန်းသွားမည်ဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော သိပ္ပံနည်းကျစစ်တမ်းကောက်ယူမှုအရ ဒေသခံတံငါသည်များအား ငါးသယံဇာတများကူညီရှာဖွေပေးတတ်ပြီး ချိုမြသည့်အပြုံးကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၏ အဖိုးတန် ဇီဝသယံဇာတဖြစ်သည့် ဧရာဝတီလင်းပိုင်လေးများ၏ စားကျက်နှင့် နေထိုင်ရာသည် ဗန်းမော်နှင့် မင်းကွန်းအကြား ကီလိုမီတာ ၄၀၀ ရှည်သော မြစ်ကြောင်းတစ်လျှောက်တွင် ရှိကြောင်းသိခဲ့ရပြီး ယခုအခါတွင် ဧရာဝတီမြစ်ထဲ၌ လင်းပိုင်လေးများ အကောင်အရေအတွက် ဆယ်ဂဏာန်းမျှသာ မျိုးသုဥ်းလုဆဲဆဲ ကျန်ရှိပါတော့သည်။

ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်မှ စတင်၍ မြန်မာတို့ရဲ့ပရီမီယာမှ ၁၅ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ပြုလုပ်သွားမည့် “ဧရာဝတီလင်းပိုင်တို့ ဌာနီ ပရီမီယာ နှင့်အတူ ပူးပေါင်းကာကွယ်မည်” အစီအစဥ်တွင်  ပါဝင်လိုသူတိုင်းအနေဖြင့် ပရီမီယာမှ ထုတ်လုပ်သည့် ဧရာဝတီလင်းပိုင်ပုံလေးများပါသော Premier 3in1၊ Premier 2Plus1၊ Premier Fusion၊ Premier Espresso၊ Premier Milk Powder၊ Premier White Malt၊ Premier Chocolate Malt တို့မှ ကြိုက်နှစ်သက်ရာ ပရီမီယာအထုပ်သေးတစ်ထုပ် ဝယ်ယူ အားပေးတိုင်း ငွေတစ်ကျပ်နှုန်းဖြင့် ပရီမီယာမှ  ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်း စီမံကိန်းသို့  လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀၀၀ အစီအစဉ်တွင် ပါဝင် လှူဒါန်းနိုင်မည်ဖြစ်သည်။

“ပရီမီယာကော်ဖီ ကုန်အမှတ်တံဆိပ်ဟာဆိုရင် မန္တလေးမြို့တွင်စတင်မွေးဖွားခဲ့သော ဒုံးပျံဂျုံမှုန့် (Capital Diamond Star Group) ၏ ကုမ္ပဏီခွဲဖြစ်သော Lluvia Limited မှထုတ်လုပ်သည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် စားသုံးသူအခိုင်အမာရရှိထားသော ကုန်အမှတ်တံဆိပ်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသား အားလုံး တန်ဖိုးထားတဲ့ အမွေအနှစ်တစ်ခုကို  ထိန်းသိမ်းစောက်ရှောက်လိုသောကြောင့်  ဒီအစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်” ဟု ပရီမီယာမှ ပြောရေးဆိုခွင့်ရှိသူ  ကိုမျိုးရာဇာ (Head of Marketing) က ပြောကြားခဲ့သည်။

မြန်မာပြည်သူပြည်သား အားလုံး ဧရာဝတီလင်းပိုင်လေးများကို  ပရီမီယာနှင့်အတူ ကာကွယ် စောင့်ရှောက်ရန် ဖိတ်ခေါ်လိုက်ပါသည်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ