ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးက (၁၈၅)ဂိုးအထိ ရှိလာခဲ့ပါတယ်။

ဆာလာဟာ အရင်က မန်စီးတီးတိုက်စစ်မှူးဟောင်းအဂွဲရိုးနဲ့ သွင်းဂိုးအရေအတွက်(၁၈၄)ဂိုးစီတူညီနေတာကနေ အဂွဲရိုးရဲ့သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဆာလာဟာ အလန်ရှီးယား(၂၆၀ ဂိုး)၊ ဟာရီကိန်း(၂၁၃ ဂိုး)၊ ဝိန်းရွန်နီ(၂၀၈ ဂိုး)၊ အန်ဒီကိုးလ်(၁၈၇ ဂိုး)တို့နောက် အဆင့်(၅)နေရာမှာ ရပ်တည်နေပါတယ်။

ဆာလာအနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ်(၃)ဂိုးသွင်းနိုင်ရင် အန်ဒီကိုးလ်ရဲ့မှတ်တမ်းကို ကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူအလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့အတွက်တော့ နောက်ထပ်သွင်းဂိုး(၇၅)ဂိုးအထိလိုအပ်နေပါသေးတယ်။

သူ့အနေနဲ့ ဒီရာသီလို တစ်ရာသီအတွင်းသွင်းဂိုး(၂၅)ဂိုးဝန်းကျင် ပုံမှန်ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တောင် နောက်ထပ်(၃)ရာသီ ဒီလိုသွင်းယူပြီးမှ ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိစာချုပ်သက်တမ်းနဲ့ မလုံလောက်ဘဲ စာချုပ်ကို သက်ထပ်တိုးဖို့ လိုအပ်နေပါတယ်။

မကြာသေးခင်က ချုပ်ဆိုခဲ့တဲ့ဆာလာရဲ့စာချူပ်သစ်အရ သူ့အနေနဲ့ ၂၀၂၇ နွေရာသီအထိသာ လီဗာပူးလ်အသင်းမှာ ရှိနေမှာဖြစ်ပါတယ်။

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ