မန်စီးတီးအသင်းရဲ့ဘရာဇီးလ်ဂိုးသမားအန်ဒါဆန်ဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၅-၂)ခရစ္စတယ်ပဲလေ့စ်ပွဲမှာ မန်စီးတီးအသင်းအတွက် စတုတ္ထဂိုးကို ကွင်းလယ်လူမက်အက်တီးသွင်းယူနိုင်အောင် တိုက်ရိုက်ကန်တင်ပေးပို့နိုင်ခဲ့ပြီး ဒီရာသီမှာ ဒီလို ဂိုးရအောင် တိုက်ရိုက်ပေးပို့နိုင်ခဲ့တာ (၄)ဂိုးအထိ ရှိလာခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အန်ဒါဆန်အပြင် မိမိအသင်းဂိုးရအောင် တိုက်ရိုက်ကန်တင်ပေးပို့နိုင်တဲ့ဂိုးသမား(၄)ဦးသာရှိပြီး ဒီဂိုးသမားတွေက တစ်ကြိမ်စီသာ စွမ်းဆောင်ထားနိုင်ကြတာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ဂိုးသမားဖလက်ကန်၊ ဖူလ်ဟမ်ဂိုးသမားလေနို၊ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်၊ ဘရိုက်တန်ဂိုးသမားဗာဘရက်ဂန်တို့က မိမိအသင်းဂိုးရအောင် တိုက်ရိုက်ကန်တင်ပေးပို့နိုင်ခဲ့ကြပြီး ဂိုးဖန်တီးမှု(assist)တစ်ကြိမ်စီရယူထားကြတာပါ။

ဒါကြောင့် ဒီရာသီမှာ ဂိုးသမားတွေရဲ့ ဂိုးဖန်တီးမှု(assist)စုစုပေါင်းက (၈)ကြိမ်အထိရှိလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ဂိုးသမားတွေရဲ့ ဂိုးဖန်တီးမှုအများဆုံးက (၈)ကြိမ်သာရှိခဲ့တာဖြစ်ပြီး ၁၉၉၂-၉၃ ရာသီနဲ့ ၂၀၀၇-၀၈ ရာသီတွေမှာ ရှိခဲ့တာဖြစ်လို့ ဒီရာသီက ပူးတွဲအများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အန်ဒါဆန်ကတော့ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုစုစုပေါင်း(၇)ကြိမ်ရှိသွားခဲ့ပြီဖြစ်ပြီး အခြားဘယ်ဂိုးသမားထက်မဆို အနည်းဆုံး(၂)ကြိမ် ပိုမိုများပြားနေတာဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရပ်တည်နေသူက အင်္ဂလန်ဂိုးသမားပေါလ်ရော်ဘင်ဆင်ဖြစ်ပြီး (၅)ကြိမ် ဖန်တီးခဲ့တာဖြစ်ပါတယ်။