ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသမားတွေ ဂိုးဖန်တီးမှုစံချိန်တင်တဲ့ရာသီ

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသမားတွေ ဂိုးဖန်တီးမှုစံချိန်တင်တဲ့ရာသီ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် နော်တင်ဟမ်ဖောရက်စ်(၀-၂)ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်ကွင်းလယ်တိုက်စစ်ကစားသမားဝစ်ဆာ သွင်းယူခဲ့တဲ့ဂိုးက ဘရန့်ဖို့ဒ်ဂိုးသမားမာ့ခ်ဖလက်ကန် တိုက်ရိုက်ကန်တင်ပေးပို့ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ်(၇၀)မှာ မာ့ခ်ဖလက်ကန် ပယ်နယ်တီဧရိယာထဲက တိုက်ရိုက်ကန်တင်လိုက်တဲ့ဘောလုံးကို ညာတောင်ပံက ပြေးတက်သွားတဲ့ ဝစ်ဆာက ဖောရက်စ်ဂိုးသမားကို ကျော်ပြီး ဂိုးထဲကန်သွင်းယူခဲ့တာပါ။

မာ့ခ်ဖလက်ကန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ဘရန့်ဖို့ဒ်(၄-၂)နယူးကာဆယ်ပွဲမှာလည်း နောက်ခံလူကောလင်းသွင်းယူခဲ့တဲ့ဂိုးကို တိုက်ရိုက်ဖန်တီးပေးပို့ပေးနိုင်ခဲ့တာကြောင့် ဒီရာသီမှာ သူ့ရဲ့ဂိုးဖန်တီးမှုက (၂)ကြိမ်ရှိလာခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးဂိုးသမားအီဒါဆန်က ဂိုးဖန်တီးမှု(၄)ကြိမ်၊ ဖူလ်ဟမ်ဂိုးသမားဘန်းလေနို၊ အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်နဲ့ ဘရိုက်တန်ဂိုးသမားဗာဘရက်ဂ်ဂန်တို့က ဂိုးဖန်တီးမှု(၁)ကြိမ်စီ ပြုလုပ်ထားတာကြောင့် မာ့ခ်ဖလက်ကန်ရဲ့ဖန်တီးမှု(၂)ကြိမ်အပါအဝင် ဒီရာသီအတွင်းဂိုးသမားတွေရဲ့ ဂိုးဖန်တီးပေးပို့မှုက (၉)ကြိမ်အထိရှိလာပါတယ်။

အရင်က ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးသမားတွေရဲ့ ဂိုးဖန်တီးမှုအရေအတွက်အများဆုံးက (၈)ကြိမ်အထိသာရှိခဲ့တာကြောင့် ဒီရာသီက ဂိုးသမားတွေ ဂိုးဖန်တီးမှုအများဆုံးစံချိန်တင်တဲ့ရာသီအဖြစ် မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

Read more

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ချယ်လ်ဆီး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲမစတင်မီ ချန်ပီယံ လီဗာပူးလ်အသင်း ကွင်းအတွင်းဝင်ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်(၄-၀)ဘရစ္စတိုးလ်စီးတီးပွဲမှာ လိဒ်စ်အသင်းက ပွဲလာကြည့်တဲ့ပရိသတ်တိုင်းကို အဝါ ရောင်လည်စည်းပုဝါတွေ အခမဲ့ပေ

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တဲ့ အသင်းခေ

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဗြိတိန်က ဘောလုံးပွဲတွေမှာ ကွင်းအတွင်း အယ်လ်ကိုဟောပါဝင်တဲ့ ယမကာ(အဓိကအားဖြင့် ဘီယာ)သောက်သုံးခွင့်ပိတ်ပင်ထားတာကို ပြန်လည်ခွင့်ပြုဖို့ ဗြိတိန်လွှတ်