Privacy ချိုးဖောက်လို့ဒဏ်ငွေဆောင်ရမည့် Google

Google သည်Texasပြည်နယ်တွင် သုံးစွဲသူများ၏ဒေတာနှင့်ကိုယ်ရေးအချက်အလက် ချိုးဖောက်မှု စွပ်စွဲချက်များအတွက် ဒေါ်လာ ၁.၃၇၅ ဘီလီယံ ပေးဆောင်ရန်ရှိသည်။

Google သည်တက္ကဆက်ပြည်နယ်မှ သုံးစွဲသူများ၏ ဒေတာ privacy ကို ချိုးဖောက်ခဲ့ကြောင်း တက္ကဆက်ပြည်နယ် ရှေ့နေချုပ် Ken Paxton က သောကြာနေ့တွင် ပြောကြားခဲ့သည်။

Texas တွင်အသုံးပြုသူများအတွက်အကာအကွယ်ပေးရေးဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲထားသောဆွဲချက်အတွက်ဒဏ်ငွေပေးဆောင်ရခြင်းဖြစ်သည်။Texas မှာ Big Tech က ဥပဒေအထက်မှာ မရှိပါဘူး။Google က လူတွေရဲ့ လှုပ်ရှားမှု၊သီးသန့်ရှာဖွေမှု၊သူတို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို နှစ်ပေါင်းများစွာ တိတ်တဆိတ် ခြေရာခံခဲ့ပါတယ်လို့ Paxton မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ပြေလည်မှုအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

Texas ရှေ့နေချုပ်ကတော့ ဒီငွေတွေကို ဘယ်လိုသုံးမယ်ဆိုတာ မပြောခဲ့ပါဘူး။

Google ​၏ယင်းသဘောတူမှုသည် Incognito (ပုဂ္ဂိုလ်ရေးရှာဖွေမှု)တည်နေရာမှတ်တမ်းများနှင့် ကိုယ်ရေးအချက်အလက်များ (မျက်နှာပုံသဏ္ဌာန်၊ အသံပုံစံ) နှင့်စပ်လျဉ်းသည့် စွပ်စွဲချက်များကို ဖြေရှင်းပေးသည်ဟုဆိုပေမဲ့ Google ကမည်သည့်အမှားကိုမှဝန်ခံခြင်းမရှိပေ။

Google ၏ ပြောခွင့်ရပုဂ္ဂိုလ် José Castañeda က ဤသဘောတူချက်သည် ယခင်က အခြားနေရာများတွင် ရှင်းလင်းပြီးသား စွပ်စွဲချက်အချို့အပါအဝင် များစွာသောစွပ်စွဲချက်အဟောင်းများသာဖြစ်တယ်လို့ဆိုပြီး ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုတွေမှာ ခိုင်မာတဲ့ကိုယ်ရေးအချက်အလက်ထိန်းချုပ်မှုတွေကို ဆက်လက်တည်ဆောက်သွားမှာပါလို့ပြောကြားထားပါတယ်။