Pro မော်ဒယ်အသစ်နဲ့ ခေါက်ဖုန်းကို 2027 မှာ တွေ့ရမယ်

Pro မော်ဒယ်အသစ်နဲ့ ခေါက်ဖုန်းကို 2027 မှာ တွေ့ရမယ်

Mark Gurman ကနေ Apple Device တွေအကြောင်း ထပ်မံဖော်ပြလာချက်အရ Apple ဟာ 2027 မှာ iPhone Pro မော်ဒယ်အသစ်နဲ့အတူ ခေါက်ဖုန်းနဲ့ Smart Glasses တို့ကိုပါ မိတ်ဆက်လာနိုင်တယ်လို့ ဆိုပါတယ်။ 

iPhone Pro မော်ဒယ်အသစ်ကတော့ Apple ရဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်သွားမှာပါ။ ဒီဖုန်းအသစ်က မှန်ခုံးပုံစံဖြစ်ဖို့များပြီး under-display Face ID နည်းပညာအသစ်နဲ့ လာမှာပါ။

တော်တော်များများစောင့်နေကြတဲ့ ခေါက်ဖုန်းလည်း ထိုနည်း၄◌င်းပါပဲ။ Samsung Display နည်းပညာကို ယူသုံးမှာဖြစ်ပြီး ပြိုင်ဘက်ခေါက်ဖုန်းများနဲ့ အတော်လေးကွာခြားမယ်လို့ ဆိုပါတယ်။ 

နောက်ပြီး Smart Glasses တွေကိုတော့ 2027 မှာ ပထမဆုံးမိတ်ဆက်သွားပါဦးမယ်။ ဒီမျက်မှန်တွေက Ray-Ban Meta မျက်မှန်တွေနဲ့တော့ အနည်းငယ်ဆင်တူပြီး Apple Intelligence ပါဝင်သွားမယ့်အပြင် Visual Intelligence လုပ်ဆောင်ချက်အများအပြားကိုလည်း ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။

Visual Intelligence နဲ့ပတ်သက်ပြီးတော့လည်း Apple ဟာ Built-in Camera ပါဝင်တဲ့ Apple watch နဲ့ AirPods မော်ဒယ်အသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ ဖော်ပြထားပါတယ်။ 

ဒီခန့်မှန်းချက်တွေက Mark Gurman ရဲ့ ဖော်ပြချက်တွေပါပဲ။ 2027 ဆိုတော့ တော်တော့်ကို လိုပါသေးတယ်။ ဒီကြားထဲ Leak တွေ Rumor တွေ အများကြီးထပ်ထွက်လာဦးမှာပါ။ ဒီနှစ်ထဲအရင်ထွက်မယ့် iPhone 17 Series ကိုသာ အရင်ဆုံးစောင့်ကြည့်ရမှာပါပဲ....

Read more

ပြင်သစ်လိဂ်အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒမ်ဘီလီ

ပြင်သစ်လိဂ်အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒမ်ဘီလီ

ပြင်သစ်ကလပ် PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒီရာသီ ပြင်သစ်လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆု(Ligue 1 Player of the Year)ကို ဆွတ်

အန်ဆယ်လော့တီကို ဘရာဇီးလ်နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ကြေညာ

အန်ဆယ်လော့တီကို ဘရာဇီးလ်နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ကြေညာ

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ဒီရာသီလာ

El Clasico ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို ရာဖင်ညာငြင်းပယ်ခဲ့

El Clasico ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို ရာဖင်ညာငြင်းပယ်ခဲ့

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ El Clasico လာလီဂါပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာဟာ ဒီပွ

လီဗာပူးလ်နဲ့ပွဲက အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး မိမိကိုယ်ကိုသတ်သေချင်ခဲ့တယ်လို့ အာတီတာဖွင့်ဟ

လီဗာပူးလ်နဲ့ပွဲက အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး မိမိကိုယ်ကိုသတ်သေချင်ခဲ့တယ်လို့ အာတီတာဖွင့်ဟ

လီဗာပူးလ်နဲ့ အာဆင်နယ်အသင်း (၂-၂)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကစားခဲ့တဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကိုကြည့်ပြီး သူ့ကိုယ်သူသတ်သေချင်