Productivity အတွက် ဆောင်ထားသင့်တဲ့ Chrome Extension များ

Browser သုံးရင်း ရုံးအလုပ်တွေလုပ်နေရသူတွေအတွက် Productivity ဆောင်ထားရမယ့် Chrome Extension တွေကို မျှဝေပေးပါမယ်။

1. Blocked Site: Stay Focused

Browser ကနေ စာလုပ်ရင်း၊ အလုပ်လုပ်ရင်း မဆိုင်တဲ့ Link တွေကိုလိုက်ကြည့်ပြီး အာရုံလွင့်တတ်သူတွေကတော့ ဒီကောင်လေးကို ဆောင်ထားပါ။ ကိုယ်ဝင်ကြည့်မိမယ့် Website တွေကို ကြို Block ပြီး စာလုပ်တာ၊ အလုပ်လုပ်တာကို အာရုံစိုက်နိုင်လာပါမယ်။ ကျွန်တော်ကတော့ YouTube တွေ၊ Netflix တွေ ဘလော့ထားလိုက်တာပဲ :3

2. Focus to do

အလုပ်တစ်ခုခုလုပ်မယ်ဆိုရင် သုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် To do list လေးရှိတာကလည်း ကောင်းတယ်မလား။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်မယ့် အလုပ်ကို Track ထားလို့ရတော့ အာရုံပိုစိုက်ဖြစ်ပါတယ်။ အဲ့တာဆိုရင် Focus To-Do:Pomodoro Timer& To Do List လေးဆောင်ထား...

3. OneTab

Chrome Tab တွေအများကြီးဖွင့် Ram မလောက်လို့ အလုပ်တွေမပြီးဘူးလို့ခံစားနေရရင် One Tab လေးသွင်းထားပါ။ One Tab ကဖွင့်ထားသမျှ Tab တွေကို List အဖြစ်သိမ်းထားပေးလို့ တစ်ခုပြီးတစ်ခု ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး သုံးလို့ရနေမှာပါ။ Multitasking သမားတွေကတော့ အဆင်ပြေမှာမဟုတ်ပါ

4. Google Keep

Website တွေကနေ Note တွေရေးမယ်၊ စာတွေမှတ်မယ်ဆိုရင် Tab တွေခုန်ကူးစရာမလိုတဲ့ Google Keep ကို Extension သွင်းထားနိုင်ပါတယ်။

5. You

AI ကိုမှ Browser Tab တွေထဲမှာ အသုံးပြုရတာ ပိုလွယ်ကူတဲ့ Version ပါပဲ။ သုံးရင်းနဲ့ အကျွမ်းတဝင်ရှိသွားရင် အတော်လေး မိုက်တဲ့ Extension လေးပါ။