စက်တင်ဘာလအတွက် PS Plus Free Games များ

စက်တင်ဘာလအတွက် PS Plus Free Games များ

PS Plus ကိုရယူထားတဲ့သူတွေအတွက် စက်တင်ဘာလမှာ ရရှိနိုင်မယ့် Free Games နှစ်ဂိမ်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒါတွေကတော့ Playerunknowns Battlegrounds (PUBG) နဲ့ Street Fighter V တို့ပဲဖြစ်ကြပါတယ်။

PUBG ကတော့ Console မှာနာမည်သိပ်မကြီးပေမယ့် လူအတော်များများကြိုက်နှစ်သက်တဲ့ Battle Royale ဂိမ်းထဲမှာတော့ပါပါတယ်။ ဒီလိုမျိုး PS Plus ကနေ အလကားရယူခွင့်ပေးလိုက်တဲ့အတွက် PlayStation မှာကော PUBG က တစ်ခေတ်ပြန်ထလာဦးမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

PUBG Trailer for PS4

90’s ခေတ်လောက်ကတည်းက ရေပန်းစားခဲ့တဲ့ Street Fighter ရဲ့ Street Fighter V ဂိမ်းကိုလည်း PS Plus မှာ Free အနေနဲ့ရယူနိုင်တော့မှာဖြစ်ပါတယ်။ PC နဲ့ PS4 Cross-play ကစားနိုင်တဲ့ ဒီ Fighting ဂိမ်းဟာ Esports ဂိမ်းတစ်ခုလို့ပြောမယ်ဆိုရင်လည်းမှားမယ်တော့မထင်ပါဘူး။ Online မှာယှဥ်ပြိုင်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

Street Fighter Trailer for PS4

သြဂုတ်လအတွက် PS Plus Free Games တွေကိုတော့ အခုနောက်ဆုံးအနေနဲ့ အရယူထားသင့်ပါပြီ။ Fall Guys: Ultimate Knockout ဟာ လက်ရှိရေပန်းအစားဆုံးဂိမ်းတစ်ဂိမ်းဖြစ်ပြီး၊ မယူရသေးရင် PS Plus နဲ့အရယူထားသင့်တဲ့ ဂိမ်းကောင်းပါပဲ။ Call of Duty: Modern Warfare 2 Campaign Remastered ကလည်း Shooting ဂိမ်းကိုကြိုက်နှစ်သက်တဲ့ COD ပရိသတ်တွေ ယူထားသင့်တဲ့ဂိမ်းတစ်ခုပါ။ ဒီဂိမ်းနှစ်ဂိမ်းကိုတော့ သြဂုတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထားပြီး PS Plus နဲ့ Free ရယူနိုင်မှာပါ။

Ref: PlayStation Blog

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ