PSG-အာဆင်နယ်ပွဲမှာ အခွင့်အရေးကောင်းလွဲချော်ခဲ့တဲ့ ဆာကာ (၂)ည၊(၃)ညလောက်အိပ်ပျော်မှာမဟုတ်ဘူးလို့ ကီအွန်သုံးသပ်

PSG-အာဆင်နယ်ပွဲမှာ အခွင့်အရေးကောင်းလွဲချော်ခဲ့တဲ့ ဆာကာ (၂)ည၊(၃)ညလောက်အိပ်ပျော်မှာမဟုတ်ဘူးလို့  ကီအွန်သုံးသပ်

PSG အသင်းက အာဆင်နယ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ အာဆင်နယ်တောင်ပံကစားသမား ဆာကာဟာ ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းကို လွဲချော်ခဲ့တဲ့အတွက် (၂)ည၊(၃)ညလောက်အိပ်ပျော်မှာမဟုတ်ဘူးလို့ နောက်ခံလူဟောင်း မာတင်ကီအွန်က သုံးသပ်ခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်မိနစ်(၈၀)မှာ အာဆင်နယ်အသင်းနောက်ခံလူ ကာလာဖီအိုရီဂိုးဧရိယာထဲဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးဟာ PSG အသင်းဂိုးသမားဒွန်နာရမ်မာကို ကျော်ပြီး ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို ဆာကာအနီးကပ်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဘောလုံးဟာ ဂိုးဘားပေါ်ကို ကျော်တက်သွားခဲ့တာပါ။

ဆာကာဟာ လွဲချော်သွားခဲ့တာကြောင့် သူ့ရဲ့ဦးခေါင်းကို လက်နှစ်ဖက်ကိုင်ပြီး ပါးစပ်အဟောင်းသားဖြစ်ကာ စိတ်ပျက်လက်ပျက်နေခဲ့ပါတယ်။ ဆာကာရဲ့ထိချက်သာဂိုးဝင်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းဟာ PSG အသင်းနဲ့ (၂-၂)ဂိုးစီသရေကျပြီး ပွဲကစားချိန်လက်ကျန်မိနစ်တွေမှာ ပွဲရလဒ်ပြောင်းလဲနိုင်အောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးရှိလာနိုင်တာပါ။ အခုတော့ အာဆင်နယ်အသင်းဟာ PSG အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ်အသင်းနောက်ခံလူဟောင်း မာတင်ကီအွန်က "ဒါဟာ ဆာကာကို နာကျင်စေပါလိမ့်မယ်။ သူဟာ နှစ်ည၊သုံးညလောက်အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီညမှာသူ့ရဲ့စွမ်းဆောင်ရည်အတွက်တော့ ဂုဏ်ယူနိုင်တယ်"လို့ TNT Sports မှာ ဆိုခဲ့ပါတယ်။

ဆာကာက ဒီပွဲမှာ အခွင့်အရေးကောင်းလွဲချော်ခဲ့ပေမယ့် အာဆင်နယ်အသင်းရရှိတဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၁၉)ကြိမ်အထိ ရှိခဲ့ပြီး ဒီရာသီ PSG အသင်းအိမ်ကွင်းမှာလာရောက်ကစားတဲ့ ဘယ်အသင်းတွေထက်မဆို ပိုများတဲ့ပမာဏကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် PSG အသင်းဂိုးသမားဒွန်နာရမ်မာရဲ့လက်စွမ်းပြသမှုကြောင့် အာဆင်နယ်အသင်းဟာ သွင်းဂိုးတွေသွင်းယူနိုင်ဖို့ ခက်ခဲခဲ့ပြီး အာဆင်နယ်အသင်းနည်းပြအာတီတာက ဒွန်နာရမ်မာဟာ ဒီနှစ်ကျော့စလုံးမှာ ခြားနားမှုဖြစ်အောင်လုပ်နိုင်ခဲ့တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ