ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

Donald Trump ကိုယ်တိုင် အဲဒီဓါတ်ပုံကို White House Office Account ကနေ မျှဝေခဲ့လို့ ကတ်သလစ်ဘာသာဝင်တွေကြားထဲ ဝေဖန်မှုအတော်လေးမြင့်တက်နေပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံထဲမှာတော့ Trump က အဖြူရောင် ပုပ်ရဟန်းဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ညိုးတစ်ချောင်းထောင်ထားတာပါ။  Trump တစ်ယောက်ကတော့ ဘယ်လိုစိတ်ကူးနဲ့ ဒီဓါတ်ပုံကို ကောက်တင်သလဲမသိ။ 

လက်ရှိက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်မှုကြောင့် ကတ်သလစ်ဘာသာဝင်များ ဝမ်းနည်းနေချိန်ဖြစ်တဲ့အပြင် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ဖို့ ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာမှ အမေရိကန်သမ္မတဖြစ်သူ Donald Trump ကိုယ်တိုင်က သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံတစ်ပုံကို မျှဝေလာတာပါ။ 

ဝေဖန်မှုတွေ ပိုပြီးမြင့်တက်စေခဲ့တဲ့နောက်တစ်ချက်က Trump က မကြာသေးခင်ကလည်း သတင်းတွေကို “ပုပ်ရဟန်းမင်းကြီးဖြစ်ချင်တယ်” ဆိုပြီး နောက်ပြောင်တဲ့စကားတစ်ချို့ကို ပြောခဲ့ဖူးတာကြောင့်ပါ။ New York State Catholic Conference (NYSCC) က “Trump အနေနဲ့ ယုံကြည်ကိုးကွယ်မှုကို အလေးအနက်မထားဘဲ လှောင်ပြောင်ခဲ့တယ်၊ ဒါဟာ ဟာသမဟုတ်ခဲ့ဘူး၊ ကျွန်တော်တို့ကို လှောင်ပြောင်ခြင်းမပြုပါနဲ့” လို့ ပြန်လည်ရေးသားခဲ့ပါတယ်။  

Read more

နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းရဲ့ ဒီရာသီအဖြစ်က မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ ဆိုရလေမလား ... ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်လုနီးနီးဖြစ်နေပြီး ရှ

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

■ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ဟာ ဒီလထဲမှာသူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ စပိန်

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)မှာ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ စပါးအသင်းကို (၅-၁

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘရန့်ဖို့ဒ် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (4 May 2025/ 7:30 pm) ဘရန့်ဖို့ဒ်က ရမှတ်(၄၉)မှတ်နဲ့ ပရီးမီးယားလိဂ်အဆင့်(၁၁)မှာရပ်တည်နေပြီး မန်ယူနိုက်တက်က ရမှတ်(၃၉)မှတ်