ရာသီကုန်မှာ လေဗာကူဆင်အသင်းက မိမိထွက်ခွာမယ်လို့ နည်းပြဇာဘီအလွန်ဆိုအတည်ပြုကြေညာ

စပိန်လူမျိုးနည်းပြဇာဘီအလွန်ဆိုက သူဟာ ဒီရာသီကုန်မှာ လေဗာကူဆင်အသင်းနည်းပြရာထူးက ထွက်ခွာမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဇာဘီအလွန်ဆိုဟာ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြသစ်အဖြစ်တာဝန်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

၂၀၂၂ ခုနှစ်၊အောက်တိုဘာက လေဗာကူဆင်အသင်းကို နည်းပြသစ်အဖြစ်စတင်တာဝန်ယူခဲ့တဲ့ ဇာဘီအလွန်ဆိုဟာ အသင်းကိုကိုင်တွယ်ခဲ့တဲ့ (၃)နှစ်အတွင်းမှာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိချန်ပီယံနဲ့ ဂျာမန်ဖလားချန်ပီယံဆုရယူပေးခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ဒီရာသီဘွန်ဒစ်လီဂါလက်ကျန်(၂)ပွဲကို ကိုင်တွယ်ပေးအပြီးမှာ အသင်းက ထွက်ခွာတော့မှာပါ။

ဇာဘီအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြရာထူးကို ရယူနိုင်ဖို့ နီးစပ်နေပေမယ့် သူ့ရဲ့အနာဂတ်ကို ဆွေးနွေးမှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၂)နေရာရပ်တည်ကာ ရာသီအဆုံးသတ်ဖို့ သေချာသွားခဲ့တာပါ။ ဇာဘီအလွန်ဆိုက တနင်္ဂနွေနေ့ ဒေါ့မွန်အသင်းနဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ နှုတ်ဆက်ပွဲပြုလုပ်မယ်လို့ ဆိုခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါလက်ကျန်ပွဲစဉ်(၂)ပွဲအဖြစ် ဒေါ့မွန်အသင်းနဲ့ပွဲစဉ်ပြီးရင် မေ(၁၇)ရက်မှာ မိန့်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။