ရာသီမတိုင်ခင်မှာဘာလို့ Breakouts(ဝက်ခြံ) ဖြစ်ရတာလဲ?

ရာသီမတိုင်ခင်မှာဘာလို့ Breakouts(ဝက်ခြံ) ဖြစ်ရတာလဲ?

ဓမ္မတာလာဖို့အတွက် ကြိုတင်ပြင်ဆင်ရန်အတွက် ခန္ဓာကိုယ်မှ ဟော်မုန်းအတက်အကျတွေဟာ ဝက်ခြံဖြစ်စေတယ်ဆိုတာအံ့သြစရာပါပဲ။သင့်ရာသီစက်ဝန်းမစတင်မီတွင် ခန္ဓာကိုယ်က (progesterone)ပရိုဂျက်စတီရုန်းများ ပိုမိုထုတ်လုပ်လာပါတယ်။ပရိုဂျက်စတီရုန်းက အနည်းငယ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး အရေပြားကို ပွစေပါတယ်။ဒီလို ရောင်ရမ်းမှုတွေဖြစ်လာတဲ့အခါ ချွေးပေါက်တွေကို ဖိအားပေးပြီး ပိုကျဉ်းတဲ့ ချွေးပေါက်အလွှာကို ဖစ်စေပါတယ်။ ပိုဆိုးတာက၊ Testosterone ပမာဏဟာ အရေပြားက ထွက်ရှိတဲ့ အဆီတွေကို ပိုထူလာစေနိုင်ပါတယ်။ ဒီလို ထူထဲသောအဆီ​တွေက ဝက်ခြံကို ပိုပြီးဖြစ်စေပါတယ်။


ရာသီမတိုင်ခင်မှာဖြစ်တတ်တဲ့ Breakoutsဖြစ်ခြင်းကိုဘယ်လိုကာကွယ်ကြမလဲ?

1. ရာသီမလာခင် တစ်ပတ်အလိုမှာ ဗီတာမင် B6 ကို စတင်သောက်သုံးပါ။

ဗီတာမင် B6 က ဇီဝဖြစ်စဉ်လုပ်ဆောင်မှုနှင့် ဟော်မုန်းဇီဝဖြစ်ပျက်မှုကို ပိုမိုကောင်းမွန်စေခြင်းဖြင့် ဓမ္မတာမလာမီ လက္ခဏာများကို သက်သာစေနိုင်သည်ဟု အထောက်အထားအချို့ရှိပါသည်။

အများစုကတော့ ရာသီမလာခင် တစ်ပတ်အလိုမှာ ဗီတာမင် B6 ကို တစ်နေ့ကို 50-100 mg သောက်ဖို့ အကြံပြုထားပါတယ်။ ရာသီလာတာပြီးဆုံးသည်အထိ သောက်သုံးနိုင်ပါတယ်။ ဗီတာမင် B6 သည် လူအများစုအတွက် ဘေးကင်းတယ်ဆိုပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်က မတူနိုင်တဲ့အတွက် မသေချာပါက ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်စေချင်ပါတယ်။

2. နို့ထွက်ပစ္စည်းစားသုံးခြင်းကို လျှော့ချကြည့်ပါ။

မေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံပေါက်တတ်တဲ့သူဆိုရင် ရာသီလာချိန်ရောက်တဲ့အထိ တစ်ပတ်အတွင်းမှာ နို့ထွက်ပစ္စည်းစားသုံးခြင်းကိုရှောင်ကြဉ်ပါ။နွားနို့မှာပါဝင်တဲ့ ဟော်မုန်းတွေက ဝက်ခြံဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ဟော်မုန်းဟန်ချက်ကို ထိခိုက်စေနိုင်တဲ့အတွက် ရာသီမလာခင် ဝက်ခြံထွက်တာကို ကာကွယ်ဖို့ နို့ထွက်ပစ္စည်းကို ရှောင်ဖို့ကြိုးစားကြည့်ပါ။

3. အသားအရေထိန်းသိမ်းမှုကို ရာသီမစမီ 4-7 ရက်အလိုကတည်းက ဂရုစိုက်ပါ။

ကိုယ်က ရာသီမလာခင်မှာဝက်ခြံပေါက်တတ်တဲ့သူဆိုတာကို သိထားရင် ကြိုတင်ပြင်ဆင်တာကလည်း အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခု ပါပဲ။Salicylic acid ပါဝင်တဲ့ Skin Care သုံးပေးနိုင်ပါတယ်။Salicylic acidက ပိတ်ဆို့နေသော ချွေးပေါက်များကို ပျော်ဝင်စေပြီး ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်းဖြင့် ချွေးပေါက်များကို ရှင်းထုတ်ပေးနိုင်ပါတယ်။

4.Caffeine နဲ့ Alcohol ကိုရှောင်ပါ။

ကဖိန်းဓာတ်နှင့် အရက်က ဝက်ခြံကို တိုက်ရိုက်မဖြစ်စေသော်လည်း အထူးသဖြင့် ကိုယ်ကဝက်ခြံပေါက်လေ့ရှိသော အသားအရေဆိုရင် ဝက်ခြံဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။၊

အထူးသဖြင့် အရက်က သင့်ရဲ့ အစာအိမ်အတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ထိခိုက်စေနိုင်ပြီး၊အရေပြားကျန်းမာရေးနှင့် ဆက်စပ်မှုရှိပါတယ်။ကဖိန်းဓာတ်နှင့် အရက်ကို ကန့်သတ်ခြင်းက ရာသီမလာမီ ဝက်ခြံမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

5.ဆရာဝန်နှင့် တိုင်ပင်ပါ။

လစဉ် Breakoutsဖြစ်ခြင်းက အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်ပြီး အထက်မှာပြေပြာပေးခဲ့တဲ့ အချက်တွေက အထောက်အကူမဖြစ်ပါက မီးယပ်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သူတို့က ဟော်မုန်းအတက်အကျများကို ကောင်းစွာနားလည်နိုင်ပြီး သွေးစစ်ခြင်းဖြင့် ဟော်မုန်းပမာဏကို စစ်ဆေးနိုင်ပါတယ်။

#akhayarlifestyle #breakouts #healthtips

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ