Ram 12GB ပါလာမယ့် iPhone 17 Series

Ram 12GB ပါလာမယ့် iPhone 17 Series

Digital Chat Station က Weibo မှာဖော်ပြလာပုံအရ Apple ဟာ iPhone 17 Series ရဲ့ မော်ဒယ် ၄ မျိုးလုံး (iPhone 17, 17 Pro, 17 Pro Max, 17 Air) မှာ Ram 12GB ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ Apple Intelligence ကြောင့်ပါတဲ့။ 

Apple Intelligence ရဲ့ Feature အသစ်တွေကို iPhone 17 Series မှာ သိသိသာသာဖော်ထုတ်လာမှာဖြစ်ပြီး ဒါကြောင့်ပဲ Ram များများထည့်ပေးမှာ ဖြစ်ပါတယ်။  Ram 12GB ဟာ iPhone 17 Series အတွက် 50/50 ဖြစ်နေသေးပေမဲ့လည်း နောက်နှစ်ထွက်မယ့် iPhone 18 Series မှာတော့ ထည့်သွင်းသွားဖို့ သေချာ‌သလောက်ရှိတယ်လို့ TF Securities analyst ဖြစ်တဲ့ Ming-Chi Kuo က ဆိုထားပါတယ်။ 

နောက်ပြီး iPhone 17 Pro နဲ့ Pro Max မှာ အသုံးပြုသွားမယ့် A19 Pro Chips ဟာဆိုရင် TSMC ရဲ့ 3nm နည်းပညာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး A18 Pro ထက် Performance ပိုင်းမှာ သိသိသာသာပိုကောင်းသွားမယ့်အပြင် ပိုပြီးလည်း ထိရောက်စေမယ်လို့ ဖော်ပြထားပါတယ်။

Ram 12GB ထည့်ပေးဖို့ ကိစ္စက အတည်မပြုသေးပေမဲ့ Apple ဘက်က လာမယ့်မေလမှာ ကြေညာသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အကယ်၍သာ iPhone 17 Series မှာသာ Ram 12GB ပါဖို့ သေချာတယ်ဆိုရင်တော့ ဈေးပိုကြီးသွားနိုင်ခြေများနေပါပြီ။ အရင်ဈေးနဲ့ပဲ 8GB ကိုင်မလား ? ဈေးကြီးလည်း ရတယ် 12GB ကို ပိုကြိုက်တယ်ဆိုတဲ့သူတွေရှိမလား ?

Read more

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ မက်ဆီတို့အနေနဲ့ မိမိတို့ရဲ့အသင်းတွေနဲ့အတူ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးအလိုက်ကလပ်အသင်းပြိုင်ပွဲတွေမှာ တူညီတဲ့ကံ

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ (၃-၃)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့)ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

Donald Trump ၏ဒုတိယသက်တမ်းစတင်ချိန်မှစ၍ Elon Musk ၏အသားတင်ပိုင်ဆိုင်မှုသည်ဒေါ်လာ 113 ဘီလီယံ သို့မဟုတ် 25% ခန့်ကျဆင်းသွားခဲ့သည်။ Tesla ၏ရှယ်ယာများသည် EV ရောင်းအားနည်းခြင်