ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ သိရသည်။
ကမ္ဘာလုံးဆိုင်ရာရောင်းအားတိုးလာခြင်းမှာ Apple ၏ အကြီးဆုံးစျေးကွက်နှစ်ခုဖြစ်သည့် တရုတ်နှင့်အမေရိကန်တွင် ရောင်းအားပြန်လည်မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု Counterpoint Research ၏အချက်အလက်များအရသိရသည်။
iPhone ရောင်းအားသည် ဂျပန်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များတွင် ဂဏန်းနှစ်လုံးထိတိုးလာသည်ကိုလည်းတွေ့ခဲ့ရကြောင်းကိုလည်း Counterpoint မှ ပြောကြားခဲ့သည်။
Counterpoint Research မှ ဦးစီးသုတေသနပညာရှင် Ivan Lam က “Q2 (ဒုတိယသုံးလပတ်) iPhone ရောင်းအားသည် ယခုအချိန်မှာ အားရစရာကောင်းပေမယ့် အမြဲတမ်းလိုလိုရောင်းအားကောင်းဖို့မှာ တရုတ်နဲ့အမေရိကန်တို့ပေါ်မှာမူတည်ပါတယ်” ဟု ပြောကြားခဲ့သည်။
တရုတ်အစိုးရနှင့် ဆက်နွယ်နေသည့် China Academy of Information and Communications Technology မှ အချက်အလက်များအပေါ် အခြေခံတွက်ချက်မှုများအရ တရုတ်နိုင်ငံတွင် ဧပြီလအတွင်း နိုင်ငံခြားအမှတ်တံဆိပ်ဖုန်းများ တင်ပို့ရောင်းချမှုသည် ယခင်နှစ်ကထက် အလုံးရေ ၃.၅၂ သန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
Apple သည် တရုတ်နိုင်ငံရှိ ပြည်တွင်းပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရောင်းချနိုင်ရန်စျေးနှုန်းလျှော့ချမှုများလည်းပြုလုပ်ခဲ့သည်။တရုတ် e-commerce ပလပ်ဖောင်းများတွင် မေလအတွင်း Apple ၏နောက်ဆုံးထွက် iPhone 16 model ကိုယွမ် 2,530 ($351) အထိဈေးလျှော့ပေးခဲ့သည်။