Realme က Battery 10000mAh ပါတဲ့ ဖုန်းအသစ်ကို မကြာခင်မိတ်ဆက်မယ်

ဒီသတင်းက မကြာသေးခင်ကလည်း ထွက်ရှိခဲ့တာဆိုပေမဲ့ Concept အနေနဲ့ပဲ ထွက်လာဖို့ရှိတယ်လို့ပဲ သိထားကြတာပါ။ ဒါပေမဲ့ အခုတစ်ခေါက်ထွက်လာတဲ့ သတင်းတွေအရ 10,000mAh Battery ပါဝင်မယ့် ဒီဖုန်းကို မကြာခင်မိတ်ဆက်သွားဖို့ရှိကြောင်း တရားဝင်ကြေညာလာတာပဲဖြစ်ပါတယ်။

Realme အနေနဲ့ မနှစ်က Android Headliness နှင့် တွေ့ဆုံစဉ်က 2025 အတွင်း Battery 7500mAh ပါတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်မယ်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် တကယ်လည်း realme GT 7 series ထွက်ရှိလာတာပါ။ ဒါပေမဲ့ Battery ပမာဏကို ဒီမှာတင်မရပ်သေးဘဲ ဒီ့ထက်ပိုမိုများပြားတဲ့ပမာဏကို ချပြဖို့ စီစဉ်နေပြီပဲဖြစ်ပါတယ်။

Realme ဘက်က ဖုန်းအမည်နဲ့ အခြားသော Spec: တွေကို မဖော်ပြသေးသော်လည်း ဖုန်းမော်ဒယ်အသစ်ဟာ Battery 10,000mAh ပါဝင်သွားမှာဖြစ်ကြောင်း ဓါတ်ပုံနဲ့တကွ ကြေညာခဲ့ပါတယ်။Realme ကနေ ထုတ်ပြလာတဲ့ ဓါတ်ပုံတွေထဲမှာတော့ ဖုန်းရဲ့ ကျောဘက်ဒီဇိုင်းမှာ “GT 10000mAH” နဲ့အတူ “Power That Never Stops” ဆိုတဲ့ စာသားတွေကို ရေးသားထားပါတယ်။ နောက်ပြီး Dual Camera set up နဲ့ဖြစ်ပါတယ်။

Realme concept ဖုန်းဟာဆိုရင် ဆီလီကွန်ပါဝင်မှုမြင့်မားတဲ့ ဘတ်ထရီအမျိုးအစားကို တပ်ဆင်ထားပြီး Energy Density အရ 887W/L အထိ ရှိမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း ဖုန်းရဲ့ အထူဟာ သာမန်အတိုင်းသာရှိနေပြီး ဘတ်ထရီကြီးကြီးတပ်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့အထူမှာ 8.5mm သာရှိပြီး အလေးချိန်ကတော့ 200 ဂရမ်ကျော်သာရှိပါမယ်။

အင်တာနက်ပေါ်မှာတော့ ဒီဖုန်းအသစ်ဟာ GT7 Pro ရဲ့ နောက်ဆက်တွဲဖြစ်လာမယ့် GT8 ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ နောက်ပြီး realme ရဲ့ Vice president ဖြစ်တဲ့ Chase ကိုယ်တိုင်လည်း X မှာ ဒီဖုန်းကို Unboxing လုပ်ပြထားတဲ့ video လည်း ရှိပါတယ်။ ဆိုတော့ ဒီဖုန်းကို တကယ်ပဲ ဈေးကွက်ထဲမှာ မြင်တွေ့ရဖို့ အလားအလာများနေပြီလို့ ဆိုရမှာပါ။