Realme နဲ့ Warner Brothers တို့ပေါင်းပြီး Game of Thrones Edition ဖုန်းထုတ်မယ်
Realme က Warner Bros. နဲ့ လက်တွဲပြီး Game of Thrones fans တွေအတွက် Realme 15 Pro Game of Thrones Limited Edition ကို ထုတ်လုပ်မယ်လို့သိရပါတယ်။
ဒီ limited edition phone မှာ Realme ရဲ့ color changing technology ကို အသစ်တစ်ခု ထည့်သွင်းထားပါတယ်။ Dragon fire design က phone နွေးလာတဲ့အခါ အနက်ရောင်ကနေ အနီရောင်ဆီ အလိုအလျောက် ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒါက Daenerys Targaryen ရဲ့ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုတာပါ။
Phone ရဲ့ design မှာ အနက်နဲ့ ရွှေရောင် ပေါင်းစပ်မှုနဲ့အတူ nano technology သုံးပြီး ထွင်းထုထားတဲ့ dragon ပုံစံလေးတွေ ပါဝင်မှာပါ။ UI theme နှစ်ခု pre-install လုပ်ပေးထားမှာဖြစ်ပြီး House Targaryen theme နဲ့ House Stark theme တို့ ပါဝင်ပါတယ်။ Fan တွေက ကိုယ်ကြိုက်တဲ့ house ကို ရွေးချယ်အသုံးပြုနိုင်မှာပါ။
Special gift box ထဲမှာ phone အပြင် Westeros ကမ္ဘာရဲ့ miniature model လေး၊ Iron Throne ပုံစံ phone stand နဲ့ Westeros ရဲ့ နာမည်ကြီး house တွေရဲ့ အမှတ်တံဆိပ်ပါတဲ့ collectible card တွေ ပါဝင်မှာ ဖြစ်ပါတယ်။
Game of Thrones series ကို နှစ်သက်သူတွေအတွက် ဒီ limited edition phone ဟာ စုဆောင်းထားရမယ့် အရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ အပြည့်အစုံ မိတ်ဆက်ပွဲကို မကြာခင် ကျင်းပမှာဖြစ်ပြီး စျေးနှုန်းနဲ့ ရရှိနိုင်မယ့် နေ့ရက်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။
Realme နဲ့ Warner Brothers တို့ပေါင်းပြီး Game of Thrones Edition ဖုန်းထုတ်မယ်
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion