‘‘ ရေခဲပြင်တွေမှာတွေ့ရလေ့ရှိတဲ့ ချစ်စရာ Polar ဝက်ဝံ လေးတွေ အကြောင်းသိကောင်းစရာအချက်တချို့ ’’

‘‘ ရေခဲပြင်တွေမှာတွေ့ရလေ့ရှိတဲ့ ချစ်စရာ Polar ဝက်ဝံ လေးတွေ အကြောင်းသိကောင်းစရာအချက်တချို့ ’’

‘‘ ရေခဲပြင်တွေမှာတွေ့ရလေ့ရှိတဲ့ ချစ်စရာ Polar ဝက်ဝံ လေးတွေ အကြောင်းသိကောင်းစရာအချက်တချို့ ’’Polar ဝက်ဝံ လေးတွေဟာ တဖြည်းဖြည်း နဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်တွေ အရေပျော်လာတာနဲ့ တဖြည်းဖြည်းနဲ့ ရှားပါးလာပြီး သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းသင့်တဲ့ မျိူးစိတ်တွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒီနေ့မှာတော့ Polar ဝက်ဝံ လေးတွေနဲ့ပတ်သတ်လို့စိတ်ဝင်စားစရာကောင်းပြီးလူသိနည်းတဲ့ အချက်ကလေးတွေကို  Knowledge Sharing အနေနဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Polar ဝက်ဝံ လေးတွေဟာ တဖြည်းဖြည်း နဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်တွေ အရေပျော်လာတာနဲ့ တဖြည်းဖြည်းနဲ့ ရှားပါးလာပြီး သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းသင့်တဲ့ မျိူးစိတ်တွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒီနေ့မှာတော့ Polar ဝက်ဝံ လေးတွေနဲ့ပတ်သတ်လို့စိတ်ဝင်စားစရာကောင်းပြီးလူသိနည်းတဲ့ အချက်ကလေးတွေကို  Knowledge Sharing အနေနဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Polar ဝက်ဝံ လေးတွေဟာ ပျမ်းမျှ အလေးချိန် ပေါင် ၁၃၀၀ ကျော်ထိရှိပြီး အရှည်အနေနဲ့ ၇ ပေ ကနေ ၉ ပေထိ ရှိကြပါတယ်။ သာမာန်အားဖြင့် Polar ဝက်ဝံ အမတွေက အထီးတွေထက် အရွယ်အစားပိုကြီးလေ့ရှိပါတယ်။ ဝက်ဝံမျိုးစိတ်တွေထဲမှာဆိုရင် Brown Bear လို့ခေါ်တဲ့ Kodiak Bear နဲ့ အရွယ်အစားတူတဲ့ တစ်ခုတည်းသော မျိုးစိတ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး အသားစားသတ္တဝါတွေ ထဲကတစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ Kodiak Bear တွေနဲ့မတူတာကတော့ Polar ဝက်ဝံ တွေဟာ အသားတစ်မျိုးပဲ စားတတ်တဲ့ ဝက်ဝံမျိုးစိတ်ဖြစ်ပါတယ်။ ၁၂ လက်မ အကျယ်ရှိတဲ့ ခြေဖဝါးတွေပိုင်ဆိုင်တာကတော့ သူတို့ဝက်ဝံမျိုးစိတ်ရဲ့ ထူးခြားမှုတစ်ခုပါပဲ ။အကြီးဆုံး Polar ဝက်ဝံ ကိုတော့ အလက်စကာမြောက်ပိုင်းမှာ 1960 မှာ ပစ်ခတ်ဖမ်းမိခဲ့ပြီး အလေးချိန်အနေနဲ့ 1,002 ကီလို ( ပေါင် 2,209 ) ထိ ကြီးမားတယ်လို့သိရပါတယ်။

Polar ဝက်ဝံ တွေကို များသောအားဖြင့် ဒိန်းမတ် ၊ နော်ဝေး ၊ ရုရှား ၊ ကနေဒါ နဲ့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ဘက်မှာ အတွေ့များပါတယ်။ ၎င်းတို့ဟာ အေးတဲ့ဒေသတွေ၊ သူတို့ ရဲ့ စားကျက်ပေါများတဲ့ နေရာတွေနဲ့ ပင်လယ်ရေခဲပြင်တွေပေါများတဲ့နေရာမှာ နေထိုင်လေ့ရှိပါတယ်။ ပူတဲ့ ရာသီဥတုမျိုးမှာ လည်း ရှင်သန်နိုင်တယ်ဆိုပေမယ့် စားကျက်မရှိတဲ့ အတွက် ရှင်သန်ရန်ခက်ခဲပါတယ်။

Polar ဝက်ဝံ တွေကို Marine mammals ( ရေနေ နို့တိုက်သတ္တဝါ) မျိုးစိတ်အဖြစ်သတ်မှတ်ကြပါတယ်။ သူတို့ဟာ ရေခဲဖုံးလွှမ်းတဲ့ဒေသတွေနဲ့ အေးတဲ့ရာသီဥတုကို မှီခိုနေထိုင်ရတဲ့ သတ္တဝါတွေဖြစ်ပြီး ရေထဲမှာ အနေများတဲ့သတ္တဝါတွေဖြစ်တဲ့ အတွက် ရေနေ နို့တိုက်သတ္တဝါ မျိုးစိတ်အဖြစ် သတ်မှတ်ကြတာဖြစ်ပါတယ်။Polar ဝက်ဝံ တွေနဲ့ မျိုးစိတ်တူ ရေနေ နို့တိုက်သတ္တဝါတွေထဲမှာ ဝေလငါး ၊ ပင်လယ်ဖျံ ၊ လင်းပိုင် ၊ ဖျံ အပြင်အခြား မျိုးစိတ်တချို့လည်းပါဝင်ပါတယ်။

Polar ဝက်ဝံ လေးတွေက ရေကူးတဲ့နေရာမှာလည်းချန်ပီယံ လေးတွေပါပဲ ။
သုတေသနပြုလုပ်ချက်တွေအရ Polar ဝက်ဝံ အမလေးတွေဟာ 354 ကီလိုမီတာ ( မိုင် ၂၂၀) အထိ ကူးခတ်နိုင်ပြီး ပျမ်းမျှ အားဖြင့် ၁၅၅ ကီလိုမီတာ ( ၉၆ မိုင် ) အထိ ကူးခတ်နိုင်ပါတယ်။ သူတို့ဟာ ရက်ပေါင်းများစွာ အထိ ရေထဲမှာ ကူးခတ်သွားလာနိုင်ပါတယ်။ 2011 ခုနှစ်က လေ့လာမှုတစ်ခုမှာ Polar ဝက်ဝံ အမလေးတစ်ကောင်ဟာ အလက်စကာ မြောက်ဘက်မှာရှိတဲ့ Beaufort ပင်လယ်ကို ကိုးရက်ကြာ ဖြတ်သန်းပြီး စုစုပေါင်း 426 မိုင် ကူးခတ်ခဲ့တယ်လို့သိရပါတယ်။ ၎င်းနောက်မှာတော့ သူမရဲ့ ခန္ဓာကိုယ် အလေးချိန်ရဲ့ 22 % လောက် ဝိတ်ကျသွားတယ်လို့သိရပါတယ်။ သူတို့ရဲ့ နှာခေါင်း မှာ ရေငုပ်တဲ့ အခါ ရေမဝင်စေရန်အတွက် ပိတ်ပြီး ကာကွယ်ပေးတဲ့ အလုပ်လုပ်ပုံ ပါဝင်ပါတယ်။ တစ်ခါရေငုပ်ရင် စက္ကန့်ပိုင်းအတွင်း ၁၅ ပေအနက်အထိငုပ်နိုင်ပြီး ၂ မိနစ် ကျော်ကြာတဲ့ အထိရေငုပ်နိုင်ပါတယ်။ ရေငုပ်ကျွမ်းကျင်တဲ့ အချက်က ရေခဲတုံးတွေပေါ်မှာ အနားယူတတ်တဲ့ ပင်လယ်ဖျံတွေကို အမဲလိုက်တဲ့ အခါမှာ မသိအောင် အနားကပ် လို့ရအောင်အထောက်အကူဖြစ်စေပါတယ်။

လက်ရှိမှာတော့ စားကျက်မြေ အတည်တကျမရှိခြင်းတွေနဲ့ သုတေသနပြုလုပ်ပုံအားနည်းမှုတွေကြောင့် Polar ဝက်ဝံတွေရဲ့ လက်ရှိ အရေအတွက်ကို အတိအကျ ဖော်ပြရန်ခက်ခဲပါတယ်။ သုတေသန ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရတော့ အကောင်ရေ ၂ သောင်း ခွဲကနေ ၃ သောင်း ကျော် ကျန်ရှိသေးပြီး Barents ပင်လယ်နဲ့ Chukchi ပင်လယ်တို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ 2020 ရဲ့ သုတေသနနဲ့ ခန့်မှန်းချက်များအရဆိုရင် Polar ဝက်ဝံတွေရဲ့ မျိုးပွားမှု အောင်မြင်မှုနှုန်းတွေက အလွန်နည်းပါးတဲ့ အတွက် သေချာ ထိန်းသိမ်းသင့်တဲ့ သတ္တဝါ တစ်မျိုးဖြစ်တယ်လို့ ပြောကြပါတယ်။

Polar ဝက်ဝံလေးတွေဟာ Introvert လေးတွေပါ။ သူတို့ဟာ အုပ်စု ဖွဲ့ နေတတ်တဲ့ သတ္တဝါမျိုး မဟုတ်ဘဲ တစ်ကောင်တည်းသီးသန့်နေရတာမျိုးကို ကြိုက်နှစ်သက်ကြပါတယ်။ အမဲလိုက်တဲ့အခါမှာလည်း တစ်ကောင်တည်း လိုက်လေ့ရှိပါတယ်။ မွေးကင်းစအရွယ်မှာ မိခင်နဲ့ ၂ နှစ် ၃ နှစ်တူတူနေတာကလွဲရင် တစ်ကောင်တည်းနေ ကြလေ့ရှိတဲ့ အထီးကျန်မျိုးစိတ်ဖြစ်ပါတယ်။ မိတ်လိုက်ရာသီမှာလည်း ရက်အနည်းငယ် အတူနေပြီးတာနဲ့ လမ်းခွဲပြီး သီးသန့်ပြန်နေကြပါတယ်။
တစ်ခါတစ်ရံမှာတော့ နှစ်ကောင် တူတူ ယဥ်တွဲနေထိုင်တာမျိုးကို တွေ့ရလေ့ရှိပါတယ်။ အဲ့လို နှစ်ကောင် ယဥ်တွဲနေထိုင်ရင် ဘာလုပ်လုပ်တူတူလုပ်လေ့ရှိပါတယ်။ အချင်းချင်းလည်း တိုက်ခိုက်တမ်းဆော့ကစားလေ့ရှိပြီး တစ်ကောင်နဲ့ တစ်ကောင် တကယ်ထိခိုက်အောင်မလုပ်သလို ဘယ်တော့မှလည်းမခွဲဘဲ အချင်းချင်း ကာကွယ်စောင့်ရှောက်လေ့ရှိပါတယ်။ မရည်ရွယ်ပဲ ကွဲကွာသွားခဲ့ရင်တောင် နှစ်ပေါင်းဘယ်လောက်ကြာကြာ သူတို့ရဲ့ အဖော်ကိုမှတ်မိတတ်ကြပါတယ်။

#akhayar #knowledgesharing #polarbear

Ref:Wiki, mentalfloss

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ