Toyota သည် ဟိုက်ဒရိုဂျင် ဓါတ်ငွေ့သုံး Engine ကိုဖန်တီးကာ EV ကားလောကကိုစိန်ခေါ်လိုက်သည်။ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Toyota ကဟိုက်ဒရိုဂျင်လောင်ကျွမ်းမှု(သို့မဟုတ်)ရေအရင်းအမြစ် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်နည်းပညာကို အခြေခံသော"ရေအင်ဂျင်" ကိုထုတ်ဖော်ပြသခဲ့သည်။ ဤစနစ်သည် သန့်ရှင်းသော ရေခိုးရေငွေ့ကိုသာ ထုတ်လွှတ်ပြီး CO₂ ဓာတ်ငွေ့ထုတ်လွှတ်မှု zeroဖြစ်စေသည်။

lithium, cobalt and nickel တို့ကဲ့သို့ ရှားပါးသောပစ္စည်းများအပေါ် မှီခိုနေသည့် ယနေ့ခေတ် ဘက်ထရီလျှပ်စစ်ကားများ (BEVs) နှင့်မတူဘဲ Toyota ၏ ဟိုက်ဒရိုဂျင်သုံးကားများသည် သတ္တုတူးဖော်ခြင်းနှင့် ဘက်ထရီစွန့်ပစ်ခြင်းအတွက် ကြီးများသော ပတ်ဝန်းကျင်နှင့်ကုန်ကျစရိတ်ကိုလျော့ချပေးနိုင်သည်။အဆိုပါဟိုက်ဒရိုဂျင်ယာဉ်များသည် ၅မိနစ်အတွင်း လိုအပ်သည့်ပမာဏကိုဖြည့်တင်းနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေးရေယာဉ်များ၊ခရီးဝေးသယ်ယူမှုများနှင့် အခြားသောယာဉ်များအတွက် အလွယ်တကူမောင်းသွားလာနိုင်မှာလဲဖြစ်ပါတယ်။

Tesla ​၏ lithium အခြေခံ EV ကားများချန်ပီယံဖြစ်နေချိန်တွင် Toyota သည် ဘက်ထရီနည်းပညာလွှမ်းမိုးမှုကို စိန်ခေါ်ကာ ကားလောကကိုဦးဆောင်လာနိုင်သည့်အနေအထားရှိသည်။Toyotaသည် ပြိုင်ကားများနှင့် အကြီးစားစက်ကိရိယာများတွင် ဟိုက်ဒရိုဂျင်သုံး အင်ဂျင်များကို စမ်းသပ်ထားပြီးဖြစ်ပြီး သိသာသောအားနည်းချက်မျိုးမရှိဘဲ အရှိန်၊ ထိရောက်မှုနှင့် ရေရှည်တည်တံ့မှုကိုပါ ကောင်းမွန်စွာလုပ်ဆောင်နိုင်သည်ဟုသိရသည်။

ဂျပန်၊ ဂျာမနီ၊ တောင်ကိုရီးယားတို့လို နိုင်ငံတွေမှာ ဟိုက်ဒရိုဂျင်အခြေခံအဆောက်အအုံတွေ ချဲ့ထွင်လာတာနဲ့အမျှ ရေအင်ဂျင်သုံးစက်ပစ္စည်းများက ကမ္ဘာလောကအတွက်ကောင်းမွန်သော အရွေ့တစ်ခုဖြစ်လာစေသည်။