ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ အချစ်ကြီးသလို အမုန်းကြီးသူတွေလို့ ပြောရင်မမှားနိုင်ပါဘူး။ အိမ်ကွင်းဘာနေဗျူးကွင်းမှာ မိမိချစ်ခင်နှစ်သက်တဲ့ကစားသမားကို တစ်ကွင်းလုံးလှိုက်လှိုက်လှဲလှဲအော်ဟစ်အားပေးတတ်သလို၊ ခြေစွမ်းမပြနိုင်တာမျိုး၊ ကြိုးစားအားထုတ်မှုလျော့နည်းလာတာမျိုးမှာလည်း ပစ်ပစ်ခါခါ ရှုတ်ချအော်ဟစ်လှောင်ပြောင်လေ့ရှိပါတယ်။

လတ်တလောမှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ပစ်မှတ်ကစားသမားဖြစ်နေရသူက အင်္ဂလန်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်ပါပဲ။ ပြီးခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရခြင်းအတွက် ဘယ်လင်ဂမ်က အဓိကတရားခံတစ်ဦးလိုဖြစ်နေတာပါ။

ဒီပွဲမှာ ဘာစီလိုနာအသင်းသွင်းယူခဲ့တဲ့ ပထမဂိုးအတွက် ဘယ်လင်ဂမ်မှာ အပြည့်အ၀တာဝန်ရှိတဲ့အပြင် ဘောလုံးဆုံးရှုံးချိန်မှာ ဘောလုံးပြန်ရဖို့ ကြိုးစားအားထုတ်မှု လျော့နည်းခဲ့ခြင်းအပေါ်မှာလည်း ပရိသတ်တွေက ထောက်ပြဝေဖန်နေကြတာပါ။

ဘာစီလိုနာအသင်းရဲ့အဖွင့်ဂိုးက လာမင်းယာမားလ်ရဲ့ဖန်တီးပေးပို့မှုကနေ ကွင်းလယ်လူပက်ဒရီက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာပါ။ ဒီဂိုးဖြစ်ပေါ်လာစေတဲ့ အဓိကအကြောင်းအရာက ဘယ်လင်ဂမ်ရဲ့လွဲမှားတဲ့ဘောလုံးပေးပို့မှုကြောင့် ဖြစ်တယ်လို့ ဒီဂိုးရရှိပုံ ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေက (Share)ဝေမျှခဲ့ကြပါတယ်။

0:00
/0:17

ကွင်းလယ်စက်ဝိုင်းထဲက ဘယ်လင်ဂမ်က ရှေ့ကို ဘောလုံးပေးပို့ရာမှာမသေသပ်ခဲ့တာကြောင့် ဘာစီလိုနာနောက်ခံလူကူဘာဆီက ဘောလုံးလမ်းကြောင်းကို ဖြတ်တောက်ခဲ့လို့ ဘယ်လင်ဂမ်ရှေ့က ပက်ဒရီက ဘောလုံးရသွားခဲ့ပါတယ်။ ပက်ဒရီက ညာတောင်ပံမှာပြေးတက်လာတဲ့ လာမင်းယာမားလ်ဆီ ဘောလုံးကို ကန်တင်ပေးပို့ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ဘယ်လင်ဂမ်ဟာ ဘောလုံးဆုံးရှုံးတာနဲ့ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး ဘာစီလိုနာကစားသမားတွေ ပြုလုပ်သမျှကို လိုက်ကြည့်နေပါတယ်။ ပက်ဒရီဆီက ဘောလုံးကို လုယူ/တားဆီး(ဒါမှမဟုတ်)အလယ်ကြောတစ်လျှောက်ပြေးတက်သွားတဲ့ပက်ဒရီကို လူကပ်ရမယ့်အစား ဘာအားထုတ်မှုမှမရှိတဲ့ ဘယ်လင်ဂမ်ရဲ့လုပ်ရပ်ဟာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

ဒါကြောင့် ဆိုရှယ်မီဒီယာမှာ ဒီဗီဒီယိုဖိုင်ပျံ့နှံ့ခြင်းနဲ့အတူ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေက အတောမသတ်နိုင်အောင် ရောက်ရှိလာခဲ့ပါတယ်။

ဒီဝေဖန်မှုတွေထွက်ပေါ်လာအပြီးမှာ ဘယ်လင်ဂမ်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ "ကျွန်တော့်ဘက်က ရှိသမျှအားလုံး ပေးခဲ့ပါတယ်။ ဒါပေမယ့်မလုံလောက်ခဲ့ဘူး။ နောက်ထပ်ဗိုလ်လုပွဲ(၅)ပွဲကျန်ပါသေးတယ် (လာလီဂါလက်ကျန် ၅ ပွဲကို ဆိုလိုသည်)။ ကျွန်တော်တို့မှာ ရှိသမျှအကုန်ပေးပြီး ကြိုးစားသွားပါမယ်။ ရီးရဲလ်မက်ဒရစ်အသင်းရှေ့ဆက်နိုင်ဖို့ သေတဲ့အထိ ကြိုးစားသွားပါမယ်"လို့ ရေးသားပြီး ဒေါသထွက်နေတဲ့ ပရိသတ်တွေကို ချွေးသိပ်ခဲ့ပါတယ်။

Read more

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) ဘာစီလိုနာ (၃-၃)အင်တာမီလန် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)က ဒီနှစ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။ လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘာစီလိုနာ - အင်တာမီလန် (1 May 2025/ 1:30 am) ဘာစီလိုနာက လာလီဂါဇယားထိပ်ဆုံးမှာ လက်ရှိချန်ပီယံရီးရဲလ်မက်

၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဒမ်ဘီလီ

၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဒမ်ဘီလီ

ပြင်သစ်ကလပ် PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီဟာ ဒီနှစ်အတွင်း PSG အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု(၃၀)ဂိုးအထိရှိနေပြီး ဒါက ဥရောပထိပ်တန်းလိဂ်