ရီးရဲလ်ပွဲဦးထွက်ရာသီမှာ စီရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဇာမိုရာနိုရဲ့စံချိန်ကို တစ်ဂိုးသာ လိုတော့တဲ့ဘာပေ

ဒီတစ်ပတ်လာလီဂါပွဲစဉ် ရီးရဲလ်မက်ဒရစ်(၃-၂)ဆဲလ်တာဗီဂိုပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် ပြင်သစ်တိုက်စစ်မှူးဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ သွင်းယူတဲ့ဂိုး(၃၆)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဘာပေဟာ လာလီဂါမှာ (၂၄)ဂိုး၊ ချန်ပီယံလိဂ်မှာ(၇)ဂိုး၊ စပိန်ဘုရင့်ဖလားမှာ(၂)ဂိုး၊ စပိန်စူပါဖလား၊ ဥရောပစူပါဖလား၊ ဖီဖာတိုက်ကြီးများဖလားမှာ(၁)ဂိုး စုစုပေါင်း(၃၆)ဂိုးသွင်းယူထားတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းမှာ အောင်မြင်မှုများစွာရယူခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ပထမဆုံးရာသီမှာ (၃၃)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်လို့ ဘာပေက စီရော်နယ်ဒိုထက် (၃)ဂိုးအသာရနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတာက ဂန္ထဝင်တိုက်စစ်မှူးဇာမိုရာနိုဖြစ်ပြီး ၁၉၉၂-၉၃ ဘောလုံးရာသီက သူ့ရဲ့ပထမဆုံးရာသီမှာ (၄၅)ပွဲကစား(၃၇)ဂိုးသွင်းခဲ့တာပါ။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒီရာသီလက်ကျန်ပွဲတွေဖြစ်တဲ့ ဘာစီလိုနာ၊ မာယော့ကာ၊ ဆီဗီလာ၊ ဆိုစီဒက်နဲ့ပွဲတွေမှာ ဘာပေအနေနဲ့ ဂိုးတွေဆက်သွင်းပြီး ဇာမိုရာနိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလားတို့ကို လက်လွှတ်ခဲ့ရပေမယ့် ဥရောပစူပါဖလား၊ ဖီဖာတိုက်ကြီးများဖလားတို့ကို ရယူထားပြီး လာလီဂါဖလားကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ကစားရမယ့် El Clasico ပွဲအပါအဝင် လာလီဂါလက်ကျန်ပွဲတွေမှာ ဘာပေရဲ့သွင်းဂိုးတွေနဲ့ လာလီဂါချန်ပီယံဆုကို ရီးရဲလ်မက်ဒရစ်အသင်း ပြန်ထိန်းသိမ်းနိုင်မလားဆိုတာ ...