ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)နဲ့အထက်ရတဲ့အသင်းတွေအရင်က ရှိခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက (၁၀၅)မှတ်အထိရယူကာစံချိန်တင်ခဲ့ပြီး ဒီစံချိန်ကို ၂၀၀၆ ခုနှစ်မှာ ရက်ဒင်းအသင်းက (၁၀၆)မှတ်နဲ့ စံချိန်ရိုက်ချိုးခဲ့ပါတယ်။

ဒီလို (၁၀၀)မှတ်အထက်ရယူနိုင်တဲ့အသင်းတွေပေါ်ထွက်ခဲ့ဖူးပေမယ့် တစ်ရာသီအတွင်း(၁၀၀)မှတ်(၂)သင်းထွက်ပေါ်လာတာက ဒီရာသီမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ချန်ပီယံရှစ်ပြိုင်ပွဲနောက်ဆုံးပွဲစဉ်(၄၆)ကို ဒီနေ့ကစားခဲ့ရာမှာ ဇယားထိပ်အဆင့်(၁၊ ၂)က လိဒ်စ်အသင်းရော၊ ဘန်လေအသင်းပါ နိုင်ပွဲကိုယ်စီရယူပြီး နှစ်သင်းစလုံး ရမှတ်(၁၀၀)မှတ်စီနဲ့ ရာသီကို အဆုံးသတ်ခဲ့ကြတာပါ။

ဒါပေမယ့် ဂိုးကွာခြားချက်မှာ လိဒ်စ်ယူနိုက်တက်က (+၆၅)ဂိုး၊ ဘန်လေက (+၅၃)ဂိုးရှိခဲ့တာကြောင့် လိဒ်စ်အသင်းက နှာတစ်ဖျားအသာနဲ့ ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

လိဒ်စ်အသင်းက ရာသီနောက်ဆုံးပွဲမှာ ပလိုင်မောက်ကို (၂-၁)ဂိုးနဲ့ နိုင်ခဲ့တယ်ဆိုပေမယ့် ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးခဲ့ရတဲ့အပြင် အနိုင်ဂိုးကိုလည်း ထပ်ဆောင်းအချိန်ပို(၉၀+၁)မိနစ်မှ သွင်းယူနိုင်ခဲ့ပြီး ကံကောင်းခဲ့တာပါ။ ဘန်လေကတော့ မီဝေါလ်အသင်းကို (၃-၁)ဂိုးရလဒ်နဲ့ နိုင်ခဲ့ပါတယ်။

ထပ်ဆောင်းအချိန်ပို(၉၀+၁)မိနစ်မှာ လိဒ်စ်အသင်းအနိုင်ဂိုးသွင်းအပြီး ..

လိဒ်စ်အသင်းရော၊ ဘန်လေပါ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရခဲ့ပြီး အဆင့်(၃၊ ၄၊ ၅၊ ၆)က ရှက်ဖီးယူနိုက်တက်၊ ဆန်းဒါးလန်း၊ ကိုဗင်ထရီ၊ ဘရစ္စတိုးလ်စီးတီးအစရှိတဲ့အသင်းတွေက ပရီးမီးယားလိဂ်တန်းတက်ခွင့်တစ်နေရာအတွက် Play-offs ကစားရမှာပါ။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ (၅)ကြိမ်မြောက်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲသမိုင်းတစ်လျှောက် ရမှတ်(၁၀၀)မှတ်နဲ့အထက်ရတဲ့အသင်းတွေထဲမှာ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေတို့ဟာ (၇)သင်းမြောက်နဲ့(၈)သင်းမြောက်အသင်းတွေဖြစ်လာခဲ့ပါတယ်။

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)မှတ်နဲ့အထက်ရဖူးတဲ့အသင်းများ

Reading 2005/06 – 106 points
Sunderland 1998/99 – 105 points
Newcastle United 2009/10 – 102 points
Leicester City 2013/14 – 102 points
Fulham 2000/01 – 101 points
Burnley 2022/23 – 101 points
Leeds United 2024/25 – 100 points
Burnley 2024/25 – 100 points

Read more

ကာလံဒေသံကို နားမလည်တာကြောင့် တံခါးစောင့်လို့ လှောင်ပြောင်ခံနေရတဲ့ ဒူးစ်ဘူရီဟောလ်

ကာလံဒေသံကို နားမလည်တာကြောင့် တံခါးစောင့်လို့ လှောင်ပြောင်ခံနေရတဲ့ ဒူးစ်ဘူရီဟောလ်

မနေ့ညက ကျင်းပတဲ့ ချယ်လ်ဆီးအသင်း ရာသီကုန်ဆုပေးပွဲကို တက်ရောက်လာတဲ့ အင်္ဂလန်ကွင်းလယ်လူဒူးစ်ဘူရီဟောလ်ဟာ အခမ်းအနားတစ်ခုကို တက်ရောက်လာတဲ့ပုံစံနဲ့မတူ

ကစားသမားဘ၀ပထမဆုံးချန်ပီယံဆုအတွက် ထူးထူးခြားခြားအောင်ပွဲခဲ့ခဲ့ကြတဲ့ ကိန်းနဲ့ ဒိုင်ယာ

ကစားသမားဘ၀ပထမဆုံးချန်ပီယံဆုအတွက် ထူးထူးခြားခြားအောင်ပွဲခဲ့ခဲ့ကြတဲ့ ကိန်းနဲ့ ဒိုင်ယာ

ဘိုင်ယန်မြူးနစ်အသင်းက ဒီတစ်ပတ်ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာ လိုက်ပ်ဇစ်အသင်းနဲ့ (၃-၃)ဂိုးနဲ့ သရေကျခဲ့တာကြောင့် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် ချ

ရာသီကုန်မှာ လီဗာပူးလ်အသင်းက မိမိထွက်ခွာမယ်လို့ ညာနောက်ခံလူ အာနိုးလ်ကြေညာ

ရာသီကုန်မှာ လီဗာပူးလ်အသင်းက မိမိထွက်ခွာမယ်လို့ ညာနောက်ခံလူ အာနိုးလ်ကြေညာ

အင်္ဂလန်ညာနောက်ခံလူ အာနိုးလ်ဟာ ဆယ်စုနှစ်(၂)ခုကြာကစားခဲ့တဲ့ ငယ်ဘဝကလပ်လီဗာပူးလ်အသင်းကနေ ဒီရာသီကုန်ရင်ထွက်ခွာမယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာက ကြေညာ