ရမှတ်တူရင် Play-off ကစားရမယ့်စည်းမျဉ်းအရ အင်တာမီလန်-နာပိုလီ စီးရီးအေချန်ပီယံဗိုလ်လုပွဲကို တွေ့မြင်ရမလား

ရမှတ်တူရင် Play-off ကစားရမယ့်စည်းမျဉ်းအရ အင်တာမီလန်-နာပိုလီ စီးရီးအေချန်ပီယံဗိုလ်လုပွဲကို တွေ့မြင်ရမလား

ဒီရာသီ စီးရီးအေပွဲစဉ်(၃၃)အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ နာပိုလီအသင်းတို့ ရမှတ်(၇၁)မှတ်စီနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

တကယ်လို့သာ ဒီနှစ်သင်းအနေနဲ့ ပွဲစဉ်(၃၈)အပြီးမှာ ဒီလိုရမှတ်တူနေခဲ့မယ်ဆိုရင် ပရိသတ်တွေအနေနဲ့ ထူးထူးခြားခြား စီးရီးအေရဲ့ ချန်ပီယံလုပွဲတစ်ပွဲကို ထပ်ပြီးတွေ့ရမှာပါ။

၂၀၂၂ ခုနှစ်အတွင်းမှာ ပြန်လည်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တဲ့ စီးရီးအေအဆုံးအဖြတ်စည်းမျဉ်း(Serie A Tiebreaker Rules)အရ ချန်ပီယံဆုအတွက်ဖြစ်စေ၊ ဥရောပဝင်ခွင့်အတွက်ဖြစ်စေ၊ တန်းဆင်းတစ်နေရာအတွက်ဖြစ်စေ အသင်း(၂)သင်း (သို့မဟုတ်)အသင်း(၂)သင်းထက်ပိုပြီး ရမှတ်တူနေရင် Play-off ပွဲစဉ်(၂ သင်းထက်ပိုရင် ပတ်လည် Play-off ပွဲစဉ်) ကစားရမှာဖြစ်ပါတယ်။ ချန်ပီယံလုပွဲကို ကြားကွင်းမှာ တစ်ကျော့တည်းကစားစေမှာဖြစ်ပြီး တန်းဆင်းတိုက်ပွဲကိုတော့ နှစ်ကျော့ကစားစေမှာဖြစ်ကြောင်း သိရပါတယ်။

ရမှတ်တူတာနဲ့ ဒီလို Play-off ပွဲကစားရမှာဖြစ်ပြီး ဂိုးကွာခြားချက်က ဘယ်အသင်းကို အိမ်ရှင်အသင်းတစ်သင်းလို အခွင့်အရေးပေးမလဲဆိုတာကိုသာ ကြည့်ရှုမှာပါ။ ချန်ပီယံလုပွဲအဖြစ်ကစားရမယ့် ဒီ Play-off ပွဲအပြီးမှာ သရေဆက်ကျနေမယ်ဆိုရင် အချိန်ပိုကစားစေမှာမဟုတ်ဘဲ ပယ်နယ်တီအဆုံးအဖြတ် ခံယူစေမှာဖြစ်ပါတယ်။

အရင်က ဒီလို ချန်ပီယံဆုကိုဗိုလ်လုပွဲလို Play-off ပွဲကစားပြီး လုယူခဲ့ရတာ စီးရီးအေမှာတစ်ကြိမ်ရှိခဲ့ဖူးပါတယ်။ အဲဒါက ၁၉၆၃-၆၄ စီးရီးအေပြိုင်ပွဲမှာဖြစ်ပြီး ရာသီကုန်မှာ ရမှတ်(၅၄)မှတ်စီတူညီနေတဲ့ ဘိုလော့နာနဲ့ အင်တာမီလန်တို့ ချန်ပီယံလုရတာဖြစ်ပြီး တန်းဆင်းဇုန်တစ်နေရာအတွက် ရမှတ်(၂၇)မှတ်စီတူနေတဲ့ ဆမ်ဒိုးရီးယားနဲ့ မိုဒီနာတို့ Play-offs ကစားရတာပါ။

၁၉၆၃-၆၄ ရာသီ စီးရီးအေချန်ပီယံ ဘိုလော့နာအသင်း

အဲဒီတုန်းက တစ်ပွဲစီသာကစားခဲ့ရပြီး ဘိုလော့နာက အင်တာမီလန်ကို (၂-၀)ဂိုးနဲ့အနိုင်ယူ ဗိုလ်စွဲခဲ့သလို ဆမ်ဒိုးရီးယားက မိုဒီနာကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး တန်းဆင်းအန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။

ဒါကြောင့် ဒီရာသီမှာ ၁၉၆၄ ခုနှစ်တုန်းကလိုမျိုး ဒီရာသီမှာ အင်တာမီလန်နဲ့ နာပိုလီတို့ ဗိုလ်လုကြမယ့် စီးရီးအေချန်ပီယံဗိုလ်လုပွဲကိုတွေ့မြင်ရမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ