ရန်ကုန်မှာ ဒီတစ်ပတ်ထဲ ဘယ်တွေသွားကြမလဲ ?

ရန်ကုန်မှာ ဒီတစ်ပတ်ထဲ ဘယ်တွေသွားကြမလဲ ?
Photo by Zuyet Awarmatik on Unsplash

ရန်ကုန်မြို့မှာ ဒီတစ်ပတ် (မေလ ၃ ရက်ကနေ ၁၁ ရက်) ထဲ ဘာပွဲတွေလုပ်ဖို့ရှိသလဲ ? ဘယ်နေရာမှာလုပ်မှာလဲ ? ဆိုတာကို စုစည်းဖော်ပြပေးလိုက်ပါတယ် ..

Myanmar Power & Solar Energy Storage Lighting Expo 2025

1. Myanmar Power & Solar Energy Storage Lighting Expo 2025

မီးစက် နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကြီး (Myanmar Power & Solar Energy Storage Lighting Expo 2025) ကို လာမယ့် မေလ (၁)ရက်နေ့ကနေ (၄)ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Myanmar Power & Solar Energy Storage Lighting Expo 2025 ကို Myanmar DPES Exhibition Co.,Ltd.မှ ဦးဆောင်ကျင်းပတာဖြစ်ပြီး နာမည်ကြီး Company ပေါင်း ၁၀၀ ကျော် နှင့် Brand ပေါင်း၁၅၀ ကျော် ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။

Myanmar Power & Solar Energy Storage Lighting Expo 2025 ကို Yangon Convention Center - YCC မှာ ပထမ (၃)ရက်ကို မနက် (၉)နာရီကနေ ညနေ (၅)နာရီ နဲ့ နောက်ဆုံးနေ့မှာ မနက် (၉)နာရီကနေ နေ့လည် (၂)နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Thrift Market in Yangon

2. Thrift Market in Yangon

Thrift & Vintage ဆိုင်ခန်းပေါင်း ၃၀ နဲ့အတူ Entertainment တွေ Food & Beverage တွေ ပါဝင်မယ့် “Thrift Market in Yangon “ ပွဲကို လာမယ့် မေလ (၂)ရက်နေ့ကနေ (၄)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Thrift & Vintage culture ကိုချစ်မြတ်နိုးတဲ့သူတွေအတွက် အဓိကထားကျင်းပတဲ့ ဒီပွဲမှာ ရှားပါးတဲ့ Vintage တွေ၊ စျေးသင့်တင့်တဲ့ second အထည်တွေကို မြင်တွေ့ဝယ်ယူနိုင်မှာ ဖြစ်တဲ့အပြင် Activities မျိုးစုံနဲ့ Entertainment တွေ၊ Food & Beverage တွေလည်းပါမှာဖြစ်ပြီး လူငယ်တွေရဲ့ Lifestyle နဲ့ Fashion တွေကိုပါ မြင်တွေ့ရနိုင်မယ်လို့ သိရပါတယ်။

Thrift Market in Yangon ပွဲကို Studio Canvas မှာ မနက် (၁၀)နာရီကနေ ညနေ (၆)နာရီ ကျင်းပသွားမယ်လို့ သိရပါတယ်။

True Unity LOTTE Wedding Experience

3. True Unity LOTTE Wedding Experience

မင်္ဂလာမောင်နှံ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ "True Unity LOTTE Wedding Experience" ပွဲကို လာမယ့် မေလ (၉)ရက်နဲ့ (၁၀)ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

LOTTE Hotel ကြီးမှာ မင်္ဂလာပွဲကျင်းပမယ်ဆိုရင် ရရှိနိုင်မယ့် အတွေ့အကြုံကို အကြိုမြည်းစမ်းနိုင်မှာဖြစ်သလို၊ ဒီပွဲမှာ နာမည်ကျော် Wedding Studio တွေရဲ့ ပြခန်းတွေလည်း ပါဝင်မှာဖြစ်လို့ မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ ချစ်သူလေးတွေအတွက် မသွားမဖြစ် သွားကြည့်သင့်တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။

True Unity LOTTE Wedding Experience ပွဲကို LOTTE Hotel ရဲ့ Sapphire Ballroom မှာ မနက် (၁၀)နာရီကနေ ညနေ (၇)နာရီအထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Sooth Yap Round-1

4. Sooth Yap Round-1

New Creation Entertainment ကနေကျင်းပပြုလုပ်မဲ့ SOOTH YAP•Round 1 ပွဲကြီးကို လာမယ့် မေလ (၁၀) ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

နာမည်ကြီး HipHop Artists တွေ အများအပြား ပါဝင်မယ့် ဒီ 'စုရပ်' HipHop Show ပွဲကြီးမှာ Underground HipHop Culture ရဲ့ရသအစစ်အမှန်တွေကိုခံစားနားဆင်နိုင်မှာဖြစ်သလို အမိုက်စား HipHop Culture နဲ့ သက်ဆိုင်တဲ့အခြားသော Activities ပေါင်းများစွာလည်း ပါဝင်လာမှာဖြစ်လို့ 'ငါတို့က ရပ်ပ်ပါတွေ' ဆိုတဲ့ ဘော်ဒါတွေအတွက် တကယ့်ကို မိုက်တဲ့ပွဲတော်ကြီး ဖြစ်မှာ သေချာနေပါတယ်။

ဒီ 'Sooth Yap.Round 1' HipHop show ပွဲကြီးကို Inya Lake Garden Hotel ရဲ့ outdoor area မှာ ညနေ (၃)နာရီကနေ (၆)နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Ticket Price အနေနဲ့ တစ်ဦးကို ၂၅,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Love & Crystals Wedding Showcase

5. Love & Crystals Wedding Showcase

ခမ်းနားလှပတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးမယ့် အချစ်ငှက်ငယ်တို့အတွက် Sedona Hotel Yangon ရဲ့ 𝐋𝐨𝐯𝐞 & 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞 ပွဲကြီးကို မေလ (၁၀)ရက်နဲ့ (၁၁) ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲကြီးမှာလည်း မင်္ဂလာမောင်မယ်တို့အတွက် Wedding Studio တွေ၊ Event Planner တွေ၊ Floral Service တွေ၊ နာမည်ကျော် Fashion Designer တွေနဲ့ Make-up Artists တွေလည်း ပါဝင်ပြသပေးသွားမယ်လို့ သိရပါတယ်။

𝐋𝐨𝐯𝐞 & 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞 ပွဲကြီးကို Sedona Hotel ရဲ့ Grand Ballroom ကြီးမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကတော့ ရန်ကုန်မြို့မှာ ဒီတစ်ပတ်ထဲ ပြုလုပ်မယ့် ပွဲတွေကို လက်လှမ်းမှီသလောက် စုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ နောက်လာမယ့် ရက်သတ္တပတ်တွေမှာလည်း ရန်ကုန်မြို့မှာ ကျင်းပမယ့် ပွဲတွေကို ဆက်လက်စုစည်းတင်ဆက်ပေးသွားမှာဖြစ်လို့ Akhayar Lifestyle website ကို subscribe ပြုလုပ်ပြီး စောင့်ကြည့်ပေးသွားကြပါဦးနော် .. .. ...

Read more

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ချယ်လ်ဆီး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲမစတင်မီ ချန်ပီယံ လီဗာပူးလ်အသင်း ကွင်းအတွင်းဝင်ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်(၄-၀)ဘရစ္စတိုးလ်စီးတီးပွဲမှာ လိဒ်စ်အသင်းက ပွဲလာကြည့်တဲ့ပရိသတ်တိုင်းကို အဝါ ရောင်လည်စည်းပုဝါတွေ အခမဲ့ပေ

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တဲ့ အသင်းခေ

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဗြိတိန်က ဘောလုံးပွဲတွေမှာ ကွင်းအတွင်း အယ်လ်ကိုဟောပါဝင်တဲ့ ယမကာ(အဓိကအားဖြင့် ဘီယာ)သောက်သုံးခွင့်ပိတ်ပင်ထားတာကို ပြန်လည်ခွင့်ပြုဖို့ ဗြိတိန်လွှတ်