Robot Delivery တွေအသုံးပြုဖို့ကြိုစားနေသည့် Amazon

Amazon သည် delivery ပို့ဆောင်ခြင်းအတွက် humanoid စက်ရုပ်များကို အသုံးပြုရန်စမ်းသပ်ခြင်းကိုစတင်နေပါပြီ။စမ်းသပ်လျှက်ရှိသော စက်ရုပ်များသည် Rivian Electric van ကားထဲမှ ထွက်ခွာပြီး ပစ္စည်းများကို customer များ၏ တံခါးဝဆီသို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်သည်။

ပြင်ဆင်မှုအနေနဲ့ Amazon က San Francisco ရှိရုံးမှာ “humanoid park” ဆိုတဲ့အထူးလေ့ကျင့်ရေးနေရာတစ်ခုကို တည်ဆောက်ထားပါတယ် ဒါကတော့အချို့သောပေးပို့မှုအခက်အခဲတွေကို သရုပ်ဖော်တဲ့အတားအဆီးလမ်းကြောင်း (obstacle course) ဖြစ်ပြီးစက်ရုပ်တွေအနေနဲ့လက်တွေ့မြေပြင်မှာကြုံတွေ့ရနိုင်တဲ့အခြေအနေမျိုးတွေကို လေ့ကျင့်ပေးရန်ပြင်ဆင်ထားတာလဲဖြစ်ပါတယ်။

ဒီစမ်းသပ်မှုတွေမှာ တရုတ်နိုင်ငံက Unitree ကုမ္ပဏီရဲ့မော်ဒယ်တွေ ပါဝင်တဲ့အမျိုးမျိုးသောစက်ရုပ်များ လည်း(robots) ပါဝင်ပါမှာဖြစ်ပါတယ်။

Amazon သည် ဂိုဒေါင်များတွင် စက်ရုပ်များကို အသုံးပြုထားပြီးဖြစ်သော်လည်း AI software မြှင့်တင်ထားသော စက်ရုပ်များကိုလက်တွေ့မြေပြင်မှာအသုံးပြုရန်အတွက် အသေးစိတ်အာရုံစိုက်လုပ်ဆောင်လျှက်ရှိသည်။